Politics, Law & Military
တရုတ် သမ္မတ ရှီကျင့်ဖိန်က ရုရှား၊ ဂျာမနီ ချစ်ကြည်ရေး ခရီးသွားမည်၊ G20 ထိပ်သီး အစည်းအဝေး တက်မည်

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံနှင့်် ဂျာမနီနိုင်ငံများသို့ ဇူလိုင်လ ၃ ရက်မှ ၆ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇွန်လ ၂၇ ရက်တွင် ကြေညာလိုက်သည်။
ရှီသည် ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ဂျာမနီ သမ္မတ Frank-Walter Steinmeier နှင့် ဝန်ကြီးချုပ် အန်ဂျလာ မာကဲ တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ပြောသည်။
ထို့ပြင် သမ္မတ ရှီသည် ဇူလိုင်လ ၇ ရက်မှ ၈ ရက်အထိ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည့် ၁၂ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု သိရသည်။ (Xinhua)