Politics, Law & Military
တရုတ် သမ္မတ ရှီကျင့်ဖိန် နှင့် အီရန် အကြီးအကဲခေါင်းဆောင် ခါမန်နီတို့ တွေ့ဆုံ
တီဟီရန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယတ်တိုလာ အလီ ခါမန်နီ (Ayatollah Ali Khamenei) တို့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး ကတိပြုခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအား ရှေးရှုသော မူဘောင်များနှင့်အညီ အခြေခံအဆောက်အအုံ၊ ဒေသ တွင်းချိတ်ဆက်မှု၊ ထုတ်လုပ်မှု စွမ်းရည်နှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ် ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် အီရန်နိုင်ငံ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စများ၌ ဘက်စုံ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်သည့် နိုင်ငံခြားရေး မူဝါဒများကို လေးစားလိုက်နာသွားမည်ဟု ရှီက ပြောခဲ့သည်။
အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယတ်တိုလာ အလီ ခါမန်နီကလည်း အီရန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် ဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း၊ တရုတ်၏ ခေတ်သစ်ပိုး လမ်းမကြီး စီမံကိန်းတွင် အီရန်နိုင်ငံ အနေဖြင့် အရေးပါသည့် အပိုင်းမှ ပူးပေါင်းပါဝင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)