Connect with us

Politics, Law & Military

ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီရန် ခရီးစဉ်ပြီးနောက် တရုတ်နိုင်ငံသို့ သမ္မတ ရှီ ပြန်လည်ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီရန်များသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက် ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက် အစောပိုင်းက တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။

ချစ်ကြည်ရေး ခရီးစဉ်၏ ပထမဆုံးအဖြစ် ဆော်ဒီ ဘုရင် ဆယ်လ်မန်ဘင် အဗ္ဗဒူလာဇစ် အယ်လ် ဆော့ဒ်၏ ဖိတ်ကြားချက်အရ သမ္မတ ရှီ သည် ဆော်ဒီအာရေဗျနိုင်ငံ သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ကျယ်ပြန့်သည့် မဟာဗျူဟာ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့် တင်ရန် သဘောတူခဲ့ကြသည်။

ထို့နောက် ဒုတိယမြောက် ခရီးစဉ်အဖြစ် အီဂျစ်နိုင်ငံသို့ သွားရောက်ခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက်စေရန် ငါးနှစ်တာ စာချုပ်မူကြမ်းအား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတ ရှီသည် အီရန်နိုင်ငံသို့ သုံးနိုင်ငံ ခရီးစဉ်၏ နောက်ဆုံး အဖြစ် ရောက်ရှိခဲ့ပြီး ပြည့်စုံသည့် မဟာဗျူဟာ မြောက် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

ရှီသည် အရှေ့အလယ်ပိုင်း သုံးနိုင်ငံသို့ ငါးရက်တာ ခရီးစဉ်အဖြစ်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ကာ ၂၀၁၃ ခုနှစ် သမ္မတ အနေဖြင့် စတင် တာဝန်ထမ်းဆောင်ကတည်းက ၎င်း ဒေသများသို့ ပထမဆုံး သွားရောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.