Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ က မက္ကဆီကိုငလျင်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မက္ကဆီကို အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်နှင့် ပတ်သက်၍ မက္ကဆီကို သမ္မတ Enrique Pena Nieto ထံ စက်တင်ဘာ ၂၀ ရက်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ရှီက မက္ကဆီကို ပြည်သူများအား အလွန်စာနာထောက်ထားပါကြောင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ငလျင်ကြောင့် ဒဏ်ရာရရှိခဲ့သူများ နှင့် သေဆုံးခဲ့သူများ၏ ဆွေမျိုးများ နှင့် ထပ်တူ ကြေကွဲရပါကြောင်း သဝဏ်လွှာ၌ပြောကြားခဲ့သည်။
ရှီက သမ္မတ Pena Nieto ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မက္ကဆီကိုနိုင်ငံသားများသည် ယင်းကပ်ဆိုးကို ကျော်လွှားနိုင်ပြီး နေအိမ်များ ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းက တရုတ်နိုင်ငံသည် မက္ကဆီကိုနိုင်ငံ၏ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင် ကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)