Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေး

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် လျိုယွင်ဆန်း နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ Hun Sen တွေ့ဆုံစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း (Liu yunshan) က စက်တင်ဘာ ၂၀ ရက်နေ့၌ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ ၊ အစိုးရ ဝန်ကြီးချုပ် Hun Sen နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း လျိုယွင်ဆန်း က နှစ်နိုင်ငံ သံတမန် ထူထောင်ခဲ့သည့် နှစ်ပေါင်း ၅၉ နှစ်အတွင်း ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု များသည် အောင်မြင်မှုများစွာရရှိခဲ့ကာ အိမ်နီးချင်းကောင်း ၊ သူငယ်ချင်းကောင်း ၊ ညီအကိုကောင်း နှင့် မိတ်ဆွေကောင်း ဖြစ်သည် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို ကာလတစ်လျှောက် လွန်စွာ အလေးထား ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင် တို့ရရှိခဲ့ပြီး ဖြစ်သည့် သဘောတူညီမှု များကို အတူတကွ အကောင်အထည် ဖော်သွား လိုကြောင်း ၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့မှာ ပူးပေါင်းဆောင်ရွက်မှု ၏ အကျိုးကျေးဇူး များကို ခံစားသွားစေရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လျိုယွင်ဆန်း က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ အကြား ဆက်ဆံရေး သည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အလွန် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင် ခဲ့ကြောင်း ၊ ပါတီ နှစ်ခုကြား အနီးကပ်ဆက်ဆံရေး တည်ရှိခဲ့ပြီး ကဏ္ဍပေါင်းစုံ ထိတွေ့ဖလှယ်မှုများလည်း တည်ရှိခဲ့ကြောင်း ၊ ရှေ့ဆက် ကဏ္ဍစုံ ချစ်ကြည်ကူးလူးဆက်ဆံမှု ကို တိုးမြှင့်ပြီး ပါတီ နှစ်ခုအကြား ဆက်ဆံရေး ကို ပိုမိုမြင့်မား သည် အဆင့်သစ် သို့ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Hun Sen က တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် လျိုယွင်ဆန်း အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ ကမ္ဘောဒီးယား နိုင်ငံ ကိုလာရောက် လည်ပတ်ခဲ့ သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို လွန်စွာ အလေးထားကြောင်း သိရှိရသည့် အတွက် ချီးမွမ်းဂုဏ်ပြုလိုကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကို ပိုမိုကြီးမား သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်သွား လိုကြောင်း ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ပြီး အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်း ကိစ္စရပ် များတွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု များ ပြုလုပ်သွားလိုကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် တရုတ် နိုင်ငံ မှ ထောက်ခံအားပေးမှု ကို ကျေးဇူးတင်လိုပြီး ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် ဆက်လက်၍ တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် ပတ်သက်သော ကိစ္စရပ် များတွင် တရုတ် နိုင်ငံ နှင့် အတူရပ်တည်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီး တွင် တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ ၊ အစိုးရ ဝန်ကြီးချုပ် Hun Sen တို့က နှစ်နိုင်ငံ ကဏ္ဍအသီးသီး မှ ချုပ်ဆိုကြသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို အတူတကွ တက်ရောက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.