Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး အကြံပေးနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်တို့ တွေ့ဆုံ

တရုတ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး အကြံပေး ယွီကျန့်စန်း (ယာ) နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖမ်ဘင်န်မင်းတို့အား ဧပြီလ ၁၇ ရက်က ပေကျင်းမြို့တွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး အကြံပေး ယွီ ကျန့်စန်းနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖမ်ဘင်န်မင်း (Pham Binh Minh) တို့သည် ဧပြီလ ၁၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ဗီယက်နမ် အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း၊ စက်မှု ကုန်ထုတ်လုပ်မှု စွမ်းအား၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံ စသည်တို့တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားသင့်ကြောင်း တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ယွီက ပြောသည်။

ထို့ပြင် ယွီက ဆက်၍ နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ခြင်း၊ ပြည်သူ အချင်းချင်းနှင့် အဖွဲ့အစည်း အချင်းချင်း ဖလှယ်ခြင်းများ၊ ပင်လယ်ရေပြင် ခြားနားမှုများအား သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲခြင်းများအားဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးဆီသို့ တွန်းအားပေး လုပ်ဆောင်သွားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖမ်ဘင်န်မင်းကလည်း တရုတ်နှင့် ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံအတွက် သံတမန်ရေးရာအရ ဦးစားပေးဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှု စသည် ကဏ္ဍများ၌ တရုတ်နှင့်အတူတကွ တိုးမြှင့် လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မင်း နှင့် တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီတို့သည် ဧပြီလ ၁၇ ရက်တွင် ပြုလုပ်သော ၁၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဲ့ကိုင်ကော်မတီတွင် တွဲဖက် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.