Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်စွာလုပ်ဆောင်ရန် တရုတ်နှင့် အယ်လ်ဘေးနီးယားတို့ သဘောတူ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ (ဝဲ) နှင့် အယ်လ်ဘေးနီးယားနိုင်ငံသမ္မတ Bujar Nishani (ယာ) တို့အား ဧပြီ ၁၇ ရက်၌တွေ့ရစဉ် (ဆင်ဟွာ)

တီရာနာ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့သည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု၊ တရုတ် နှင့် ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံများ (CEE) ပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်ထားသည့် (၁၆+၁) ပူးပေါင်းဆောင်ရွက်မှုယန္တရားမူဘောင်အောက်တွင် အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းများ စသည့် နယ်ပယ်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် ဧပြီ ၁၇ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်းသဘောတူညီချက်သည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ အယ်လ်ဘေးနီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပတိုက် အရှေ့တောင်ပိုင်း ရှိ အယ်လ်ဘေးနီးယားနိုင်ငံ၏ ပထဝီဝင်အနေအထားကောင်းမွန်မှုကို ဖော်ထုတ်ချီးကျူးကာ ကျန်းကောလိက အယ်လ်ဘေးနီးယားနိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက် အဓိကနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းက နိုင်ငံ၏ သွင်ပြင်လက္ခဏာများ နှင့် အဓိက လိုအပ်များကို ထည့်သွင်းစဉ်းစား၍ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု နှင့် (၁၆+၁) ပူးပေါင်းဆောင်ရွက်မှုယန္တရားမူဘောင်အောက်တွင် တရုတ်နိုင်ငံသည် အယ်လ်ဘေးနီးယားနိုင်ငံ နှင့် အတူ ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုလုပ်ဆောင်သွားရန် လိုလားကြောင်း ဧပြီ ၁၇ ရက်က အယ်လ်ဘေးနီးယားနိုင်ငံသမ္မတ Bujar Nishani နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းက အောင်မြင်မှုအသီးအပွင့်များပိုမိုခံစားရစေကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ပိုမိုကောင်းမွန်လာအောင် လမ်းညွှန်ပြသပေးနိုင်ရန်အတွက် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှုဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း နှင့် ညှိနှိုင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အယ်လ်ဘေးနီးယားနိုင်ငံ သမ္မတ Nishani က အယ်လ်ဘေးနီးယား-တရုတ် ဆက်ဆံရေးသည် ၎င်းနိုင်ငံအတွက် အထူးအရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကမ္ဘာ့စီးပွားရေး နှင့် ဘော်လ်ကန်ဒေသတွင်း အကျိုးစီးပွားများ ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာပါကြောင်း နှင့် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသည့် အဆင့်များအထိ မြှင့်တင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းကောလိသည် ဥရောပ-အာရှ ခရီးစဉ်၏ စတုတ္ထမြောက် ခရီးစဉ်အဖြစ် ဧပြီ ၁၆ ရက်တွင် အယ်လ်ဘေးနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်း၏ ကိုးရက်တာ ခရီးစဉ်အတွင်း ရုရှားနိုင်ငံ၊ အက်စ်တိုးနီးယားနိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ တို့အား သွားရောက်ခဲ့ကာ နှစ်နိုင်ငံ အစည်းအဝေးပွဲတက်ရောက်ရန် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.