Politics, Law & Military
တရုတ်နိုင်ငံတော်ကောင်စီဝင် အာဖရိက လေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် အီသီယိုးပီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးသွားရောက်၍ အဒစ်အဘာဘာမြို့ရှိ အာဖရိကသမဂ္ဂ (AU) ရုံးချုပ်၊ ထိုမှ ဘာကီနာဖာဆိုနိုင်ငံ၊ ဂမ်ဘီယာနိုင်ငံနှင့် ဆီနီဂေါနိုင်ငံများသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဝမ်သည် အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီး ဝေါ့ခ်နယ် ဂဲဘယ်ယူ (Workneh Gebeyehu) ၊ ဘာကီနာဖာဆိုနိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာဘာရီ (Alpha Barry) ၊ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး မာမာဒူ တန်ဂါရာ (Mamadou Tangara) နှင့် ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး ဆီဒီကီ ကာဘာ (Sidiki Kaba) တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ (Xinhua)