Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရားဝင်ခရီးစဉ် လာရောက်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို (ဝဲ) တို့ ၂၀၁၇ခုနှစ် သြဂုတ် ၇ရက် က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။

ဟွာချွမ်းရင်က ယခုခရီးစဉ်သည် ကိုမို တာဝန်ထမ်းဆောင်စဉ်ကတည်းက တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ဘုံစိုးရိမ်မှုများ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုသည့် နှစ် ၄၀ပြည့်နှစ်ဖြစ်ကြောင်း သိရသည်။ဟွာက များစွာသော စိန်ခေါ်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံ အကြား ဆက်ဆံရေးသည် တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံခေါင်းဆောင်များ အကြားသဘောတူညီချက်များကို ပြီးမြောက်စေခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထပ်မံ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.