Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး ပူးတွဲလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရို နိုကိုတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာစေရန် အတူတကွ ပူးတွဲလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) တွင် တိုက်တွန်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနို (Taro Kono) နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဂျပန် ဆက်ဆံရေးသည် အရေးပါသော အဆင့်တစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက ဂျပန်နိုင်ငံ၏ အပြုသဘောဆောင်သော မှတ်ချက်များအား တရုတ်နိုင်ငံက သတိပြုမိပါကြောင်းနှင့် ယင်း မှတ်ချက်စကားများအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောကြားခဲ့သည်။

ကိုနိုသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117