Connect with us

Politics, Law & Military

တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ် ဝမ်းမြောက် ဂုဏ်ယူကြောင်း လီနှင့် အာဘေး သဝဏ်လွှာများဖလှယ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ် ပြည့်မြောက်သည့် အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ပြီး တရုတ်-ဂျပန် ဆက်ဆံရေး တည်ငြိမ်တိုးတက်ရေးအတွက် နှစ်နိုင်ငံလုံးက မျှော်လင့်ထားကြောင်း သိရသည်။

လီ၏ သဝဏ်လွှာများ၌ လက်ရှိ အခွင့်အလမ်းသစ် အခြေအနေများနှင့် တရုတ်-ဂျပန် ဆက်ဆံရေး စိန်ခေါ်မှုများ အား ထည့်သွင်း ဖော်ပြခဲ့သည်။

ဂျပန်နို်င်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း တရုတ်နှင့် ဆက်ဆံရေး ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိလာခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ကျင်းပရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံ ဖလှယ်မှုများ တိုးမြှင့်ခြင်းနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုနှင့် တည်ငြိမ်သော နှစ်နိုင်ငံ ဆက်ဆံရေး တည်ဆောက်ရန် ဆန္ဒ ရှိကြောင်း ၎င်း၏ သဝဏ်လွှာများ၌ ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.