Connect with us

Politics, Law & Military

တိုင်ပေတွင် မြေအောက်ရထား၌ ဓါးဖြင့်ရမ်းကား၍ လူသတ်မှု ကျူးလွန်ခဲ့သူအား ကွပ်မျက်

တိုင်ပေတွင် မြေအောက်ရထား၌ ဓါးဖြင့်ရမ်းကား၍ လူသတ်မှု ကျူးလွန်ခဲ့သည့် Cheng Chieh အား ရုံးထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုင်ပေ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တိုင်ပေမြို့ မြေအောက် ရထားပေါ်၌ ၂၀၁၄ ခုနှစ် က ဓါးဖြင့် ရမ်းကားပြီး လူများအား ဒဏ်ရာ ရရှိစေရုံ သာမက အသက်သေသည် အထိ ကြိုးပမ်းခဲ့သည့် လူသတ် တရားခံအား မေလ ၁၀ ရက် ညနေပိုင်းက သေဒဏ်ပေး ကွပ်မျက်ခဲ့ကြောင်း ထိုင်ဝမ်ဒေသ တရားစီရင်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ် Cheng Chieh အမည်ရှိ ကောလိပ်ကျောင်းသား တစ်ဦးသည် ၂၀၁၄ ခုနှစ် မေလ ၂၁ ရက်၌ မြေအောက် ရထားပေါ်တွင် ခရီးသည်များအား ဓါးဖြင့် လိုက်လံ တိုက်ခိုက်ခဲ့သည့် အတွက် ၂ မိနစ် အတွင်း ၄ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် ၎င်းအား အခင်း ဖြစ်ပွားရာ၌ပင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဧပြီလတွင် ထိုင်ဝမ် အမြင့်ဆုံး တရားရုံးချုပ် က Cheng ၏ ဒုတိယ အကြိမ်မြောက် အယူခံဝင်မှုကို ပယ်ချခဲ့သည်။ Cheng သည် ၂၀၁၅ ခုနှစ် မတ်လ နှင့် အောက်တိုဘာလများတွင် ပြုလုပ်ခဲ့သည့် တရားစီရင်မှု နှစ်ခု တွင်လည်း သေဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
တရားစီရင်ရေး အာဏာပိုင်များက Cheng သည် ပြစ်မှု ကျူးလွန်ချိန်တွင် စိတ်ပိုင်း ဆိုင်ရာချို့ယွင်းမှု မရှိကြောင်း ၊ ယင်း အချက်သည် ၎င်းကြောင့် သေဆုံးခဲ့သူများနှင့် ဒဏ်ရာ ရရှိသူများ၏ မိသားစုများအား ထိတ်လန့် တုန်လှုပ် စေခဲ့ပြီး စိတ်နာကျည်း မုန်းတီးမိများကို ဖြစ်ပေါ်စေခဲ့ကြောင်း နှင့် ထိုသို့ သေဒဏ်ပေး ကွပ်မျက်လိုက်ခြင်းသည် တရားမျှတမှုကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.