Connect with us

Politics, Law & Military

တရုတ်နိုင်ငံတွင် ပြည်နယ်အဆင့်နှင့် ဝန်ကြီးအဆင့်ရှိ ဌာနအားလုံး ပညာရေး လှုပ်ရှားမှု စတင်ခဲ့

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင်းရှိ ပြည်နယ်အဆင့်နှင့် ဝန်ကြီးအဆင့်ရှိ ဌာနအားလုံးသည် တရုတ်ကွန်မြူနစ် ပါတီက အကောင်အထည် ဖော်မည့် ပညာရေး လှုပ်ရှားမှု အထူးအစီအစဉ် တစ်ခုကို စတင်ခဲ့ကြကြောင်း တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီက မေလ ၁ဝ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတွင်းရှိ ပါတီဝင် အားလုံးကို ပါတီဖွဲ့စည်းပုံနှင့် စည်းမျဉ်းများကို လေ့လာထားကြရန် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် က မှတ်ချက်ပြု ပြောကြားခဲ့သည်။ ပါတီဝင် အားလုံးသည် အရည်အသွေး ပြည့်မီသည့် ပါတီဝင်များ ဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဧပြီလကုန်ပိုင်းအထိ တရုတ်နိုင်ငံတွင်းရှိ ပြည်နယ်အဆင့် အုပ်ချုပ်ခွင့်ရဒေသ ၃၁ ခု ၊ ရှင်ကျန်း (Xinjiang) ထုတ်ကုန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့၊ ဗဟို အခွင့်အာဏာရ ကော်မတီ ၁၂၈ ခု ၊ ဗဟိုအုပ်ချုပ်မှု လုပ်ငန်းစု နှင့် ငွေကြေးဆိုင်ရာ အဖွဲ့၆၇ ခု ၊ ဗဟိုအုပ်ချုပ်ရေး ကောလိပ် ၃၁ ခု တို့က အဆိုပါ ပညာရေး လှုပ်ရှားမှု အထူးအစီအစဉ်ကို အသီးသီး စတင် ပြုလုပ်ခဲ့ကြောင်း ရှီက ပြောသည်။
တစ်နှစ်တာ ကြာမြင့်မည့် ပညာရေး လှုပ်ရှားမှုသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ပါတီ၏ တန်ဖိုး နှင့် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံတွင်းရှိ ၈၈ သန်းသော ပါတီဝင်များ သိရှိစေရန် နောက်ဆုံး ပြုလုပ်သော ပညာရေး လှုပ်ရှားမှုကြီး ဖြစ်သည်။
ယခင်က ပြုလုပ်ခဲ့သော လှုပ်ရှားမှုမှာ ပါတီဝင်များ၏ အမူအကျင့် ၊ စီးပွားရေး လုပ်ဆောင်မှု ၊ ရိုးဖြောင့်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ၊ မိမိကိုယ်ကို စည်းကမ်း လိုက်နာ ထိန်းသိမ်းရေး ၊ စိတ်စွမ်းအင်နှင့် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းရေး ဆိုင်ရာများကို လေ့ကျင့် သင်ကြားပေးသော “ ရိုးသားမှု သုံးရပ်နှင့် စည်းကမ်း သုံးရပ်” လှုပ်ရှားမှုကြီး ဖြစ်သည်။
အဆိုပါ ပညာရေးဆိုင်ရာ လှုပ်ရှားမှုကို ပါတီဝင်များ အားလုံးက ထောက်ခံအားပေးကြောင်း နှင့် ပါတီဝင်များ အနေဖြင့် စံပြ ပါတီဝင်များ ဖြစ်အောင် လေ့လာသင်ယူရမည် ဖြစ်ကြောင်း ရှီက တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.