Connect with us

Politics, Law & Military

ပြုပြင်ပြောင်းလဲခြင်း၊ တံခါးဖွင့်ဝါဒကျင့်သုံးခြင်းက တရုတ်နိုင်ငံ အားသစ်လောင်းမှုတွင် “သမိုင်းမှတ်တိုင်” ဖြစ်ကြောင်း သမ္မတ ရှီပြောကြား

- တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အား ဝေဟင်ရှုခင်းမှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပြုပြင်ပြောင်းလဲခြင်း၊ တံခါးဖွင့်ဝါဒကျင့်သုံးခြင်း၊ တရုတ်သွင်ပြင်လက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်နောက် လျှောက်လှမ်းခြင်းက တရုတ်နိုင်ငံ အားသစ်လောင်းမှုတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၁၈ ရက်က ပြောကြားလိုက်သည်။

သမ္မတ ရှီသည် မြို့တော် ပေကျင်း၌ ကျင်းပသော တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ ပြည့်အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းများမှာ ခေတ်သစ်ကာလတွင် မဟာ အမျိုးသား သွေးသစ်လောင်းခြင်းဆီသို့ ဦးတည်ရာလမ်းကြောင်းပေါ်ရှိ သမိုင်းမှတ်တိုင်များဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ယင်းတို့သည် ၁၉၁၉ ခုနှစ် မေလ ၄ ရက် လှုပ်ရှားမှုဖြစ်ပွားပြီးနောက် သမိုင်းတွင်သော ဖြစ်ရပ် သုံးခုကို ကိုယ်စားပြုသည်ဟု ရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.