Connect with us

Politics, Law & Military

ကောင်းမွန်သည့် ဘဝများရရှိစေရေး ပြည်သူ့ဆန္ဒကို အဆက်မပြတ် အားထုတ်ဖြည့်ဆည်းပေးရန် ရှီတိုက်တွန်း

ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ပြည့် အခမ်းအနား အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပြည်သူ့အခြေပြု ချဉ်းကပ်မှုကို လိုက်နာဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုရရှိရန် ပြည်သူများ၏ ဆန္ဒကို အဆက်မပြတ် အားထုတ်ဖြည့်ဆည်းပေးသင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၈ရက်တွင်ကျင်းပသော တရုတ်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ပြည့် အခမ်းအနား ၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ် ၄၀ ကျော်ကာလအတွင်း လက်တွေ့ဆောင်ရွက်ခဲ့မှုများအရ တရုတ်ပြည်သူများ၏ ပျော်ရွှင်မှုကို ရှာဖွေခြင်း နှင့် တရုတ်နိုင်ငံသွေးသစ်လောင်းမှု အတွက် ကြိုးစားအားထုတ်ခြင်းသည် တရုတ် ကွန်မြူနစ်ပါတီ၏ ရည်မှန်းချက် နှင့် တာဝန်ကို တည်ထောင်ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း အတွက် အားထုတ်ကြိုးပမ်းမှုများပင်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.