Politics, Law & Military
မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချရသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ရန် အသင့်ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား
ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အကောင်းဆုံးနှင့် ယုံကြည် စိတ်ချရသော မိတ်ဖက် ဖြစ်လို ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ဇူလိုင်လ ၂၄ ရက်၌ ပြောကြားလိုက်သည်။
ဝမ်ရိသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် တွဲလျက်ပြုလုပ် သော အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်ပြီး တရုတ်နှင့် မြန်မာတို့၏ “ဆွေမျိုးပေါက်ဖော်” သို့မဟုတ် မြန်မာ အခေါ် “ညီနောင် ဆက်ဆံရေး” အား ခိုင်မာအောင် ကြိုးပမ်းတည်ဆောင်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
မိမိတို့ အိမ်နီးချင်း နှစ်နိုင်ငံသည် အမြဲတစေ တစ်ဦးနှင့် တစ်ဦး နားလည်မှု၊ လေးစားမှုနှင့် ထောက်ပံ့မှုများ ရှိ ကြောင်း၊ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် နိုင်ငံရေး စီမံအုပ်ချုပ်မှု ရက်တစ်ရာ စီမံကိန်းအား ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနှင့် နယ်ပယ်သစ်၌ နှစ်နိုင်ငံ ဆက်ဆံရေးအား အဆင့်မြင့် ဖလှယ်ရေး၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း ဖလှယ်ရေး လုပ်ဆောင်ရန် အသင့်ရှိ ကြောင်း ဝမ်ရိက ဆိုသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းကောင်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများကလည်း အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ထို့ပြင် မြန်မာနိုင်ငံအား စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုနှင့် ကူညီမှုအား ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် အပြုသဘောဖြင့် ခိုင်မာသော ဆက်ဆံရေးအား တည် ဆောက်လိုကြောင်း အစဉ်အလာ ရှိခဲ့သည့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအား မျိုးဆက် တစ်ခုမှ တစ်ခုသို့ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (Xinhua)