Connect with us

Politics, Law & Military

လူငယ် ထိပ်သီး အစည်းအဝေး Y20 ကို ရှန်ဟိုင်းတွင် ဖွင့်လှစ်

Y20 ထိပ်သီး အစည်းအဝေး အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရှန်ဟိုင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

လူငယ်များ အတွက် G20 ဆက်စပ် ဆွေးနွေးမည့် ဖိုရမ် Y20 ထိပ်သီး အစည်းအဝေးအား တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တွင် ဇူလိုင်လ ၂၇ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။

“အမြင်မျှ ဝေရန်အတွက် လူငယ်များ ဆန်းသစ်ပြောင်းလဲခြင်း” ဟူသော ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ G20 အဖွဲ့ဝင်နိုင်ငံများ၊ အခြားနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား လူငယ် ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ကြသည်။
ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် ဘုံဖွံ့ဖြိုးမှု၊ ဆန်းသစ် တီထွင်မှုနှင့် ပျိုးထောင်မှု၊ လူမှုရေးရာ တရားမျှတမှုနှင့် သာတူညီမျှရှိမှု၊ စိမ်းလန်းသော ဘဝနေထိုင်မှုနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုပ်ချုပ်စီမံမှု စသည့် ခေါင်းစဉ်များအား တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
G20 ထိပ်သီး အစည်းအဝေး ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရန် အတွက် ကြေညာချက် တစ်စောင်အား အစည်း အဝေးအတွင်း ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။
ယခုနှစ်အတွက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးအား တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာလ အစောပိုင်းတွင် ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.