Connect with us

Science & Technology

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် ထပ်ဆင့်လွှင့်ဂြိုဟ်တုနှစ်စင်း ပြင်ဆင်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ Long March-5 ဒုံးပျံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စီစဉ်ထားသော ထျန်းဝန်-၁ (Tianwen-1) အင်္ဂါဂြိုဟ်ခရီးစဉ် တာဝန်သစ်များထမ်းဆောင်ရန် ထပ်ဆင့်လွှင့်ဂြိုဟ်တုနှစ်စင်း ပြင်ဆင်မွမ်းမံမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထျန်းလျန် ၁-၀၂ (Tianlian I-02) နှင့် ထျန်းလျန် ၂-၀၁ (Tianlian I-01) တို့သည် ကမ္ဘာဂြိုဟ်ဗဟိုပြု ဂြိုဟ်ပတ်လမ်းသွား ဂြိုဟ်တုများဖြစ်ပြီး တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းသွားအာကာသယာဉ်များအတွက် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းနှင့် အချက်အလက် ထပ်ဆင့်လွှင့်ခြင်း ထောက်ပံ့မှုကို အဓိကပံ့ပိုးပေးသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ခရီးစူးစမ်းလေ့လာရေးခရီးစဉ် လွှတ်တင်ရာတွင် အသုံးပြုမည့် စတုတ္ထမြောက် Long March-5 ဒုံးပျံအား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာ လွှတ်တင်ရေးနေရာသို့ ဇူလိုင် ၁၇ ရက်က ပို့ဆောင်ခဲ့သည်။Long March-5 Y4 သင်္ကေတသတ်မှတ်ထားသော အဆိုပါ သယ်ဆောင်ရေးဒုံးပျံအား ဇူလိုင်လနှောင်းပိုင်း သို့မဟုတ် ဩဂုတ်လအစောပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။  (Xinhua)