Science & Technology
တရုတ်နိုင်ငံ ထိပ်တန်း ပညာရှင်များအဖွဲ့တွင် ပြည်ပ ပညာရှင်အဖြစ် ဘီလ်ဂိတ်အား ရွေးချယ်
ပေကျင်း၊ နိုဝင်ဘာ ၂၇ (ဆင်ဟွာ)
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူနှင့် TerraPower ဥက္ကဋ္ဌဖြစ်သူ ဘီလ်ဂိတ် (Bill Gates) သည် တရုတ်နိုင်ငံ၏ ထိပ်တန်း သိပ္ပံပညာရှင်များအဖွဲ့ဖြစ်သော တရုတ်နိုင်ငံ အင်ဂျင်နီးယားရင်း တက္ကသိုလ် (CAE) တွင် ပြည်ပ ပညာရှင်အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်တွင် ဘီလ်ဂိတ်အပါအဝင် ပြည်ပပညာရှင် ၁၈ ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း CAE က နိုဝင်ဘာလ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ထို့ပြင် ပညာရှင်အသစ် ၈၅ ဦး စာရင်းအား ယင်း တက္ကသိုလ်၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ဘီလ်ဂိတ်သည် ရှေ့တန်းရောက် နျူကလီးယား ဆန်းသစ်မှုကုမ္ပဏီ တစ်ခုဖြစ်သော TerraPower ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။
CAE နှင့် တရုတ်နိုင်ငံ သိပ္ပံတက္ကသိုလ်တို့သည် တရုတ်နိုင်ငံ၏ ထိပ်တန်း ပညာရှင်များပါဝင်သော အဖွဲ့အစည်းများ ဖြစ်ကြပြီး အဓိကကျသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကိစ္စများတွင် အစိုးရအား အကြံဉာဏ်ပေးအပ်ကြောင်း သိရသည်။ (Xinhua)