Connect with us

Science & Technology

တရုတ်တွင် လျှပ်စစ်ကားများအတွက် လိုင်စင်နံပါတ်ပြား အသစ်ထုတ်ပေး

တရုတ်နိုင်ငံရှိ လျှပ်စစ်ကားတစ်စီးကို အားဖြည့်သွင်းနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၀ရက်မှ စ၍ မြို့ပေါင်း ၁၂မြို့ ၌ စွမ်းအင်ပုံစံသစ်သုံးယာဉ်များ (NEVs) အတွက် အစိမ်းရောင် လိုင်စင်နံပါတ်ပြား ထုတ်ပေးတော့မည်ဖြစ်ကြောင်း အများပြည်သူလုံခြုံရေးဝန်ကြီးဋ္ဌာန (MPS) က နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

ယင်းနံပါတ်ပြားများကို ၂၀၁၈ခုနှစ် ပထမနှစ်ဝက် အတွင်း နိုင်ငံတစ်ဝန်းတိုးချဲ့ထုတ်ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ်လုပ်ငန်း ပုံစံပြောင်းလဲမှုကို အရှိန်အဟုန်မြင့်စေမည်ဖြစ်ကြောင်း သိရသည်။

လေထုညစ်ညမ်းမှု နှင့် မြူခိုးထူထပ်ခြင်းကို လျှော့ချရန်အတွက် လိုင်စင်နံပါတ်များအား အကန့်အသတ်ဖြင့် ဒေသခံအစိုးရက ထုတ်ပေးနေသည့် ပေကျင်းကဲ့သို့သော မြို့များအတွက် အစိမ်းရောင်နံပါတ်ပြားများသည် စွဲဆောင်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

NEVs ယာဉ်ဝယ်ယူသူများ အတွက် ဈေးနှုန်းများသက်သာအောင်ဆောင်ရွက်ပေးခြင်း နှင့် ဓါတ်အားသွင်းစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းတို့ဖြင့် တရုတ်နိုင်ငံသည် NEVs ယာဉ်အသုံးပြုမှုကို ကောင်းစွာထောက်ပံ့ပေးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် လျှပ်စစ်စွမ်းအင်သီးသန့်သုံး မော်တော်ယာဉ် အစီးရေ ၈၂၅,၀၀၀ အပါအဝင် NEVs ယာဉ် တစ်သန်းကျော်ရှိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.