Connect with us

Science & Technology

တရုတ်နိုင်ငံ မှ ကုန်တင်အာကာသယာဉ် နှင့် အာကာသစခန်းတို့ အလိုအလျောက် အမြန်ချိတ်ဆက်မှု ပြီးဆုံး

တရုတ်နိုင်ငံ၏ ပထမဆုံးကုန်တင်အာကာသယာဉ် Tianzhou-1နှင့် Tiangong-2 အာကာသစခန်းတို့ ၏ ချိတ်ဆက်မှု အဆင့်ဆင့်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးကုန်တင်အာကာသယာဉ် Tianzhou-1 သည် Tiangong-2 အာကာသစခန်း နှင့် အလိုအလျောက် အမြန်ချိတ်ဆက်မှုကို စက်တင်ဘာ ၁၂ ရက် ည ၁၁း၅၈နာရီတွင် ပြည့်စုံစွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

Tianzhou-1 ကုန်တင်အာကာသယာဉ်ကို ကမ္ဘာမြေမှ ထိန်းချုပ်၍ Tiangong-2 အာကာသစခန်း အနီးသို့ စက်တင်ဘာ ၁၂ရက် ညနေ ၅း၂၄နာရီတွင် စတင်ချဉ်းကပ်စေခဲ့ပြီး ၆နာရီခွဲအကြာတွင် အာကာသစခန်းနှင့် အလိုအလျောက် အမြန်ချိတ်ဆက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းချိတ်ဆက်မှုသည် အမြန်ချိတ်ဆက်မှု နည်းပညာကိုအသုံးပြု၍ အာကာသယာဉ် ၂စင်းအကြား တတိယအကြိမ်မြောက် ချိတ်ဆက်မှု ဖြစ်ပြီး ယခင်ချိတ်ဆက်မှုများသည် အချိန်၂ရက်ခန့် ကြာမြင့်ကြောင်း သိရသည်။

ယင်းချိတ်ဆက်မှုသည် ကုန်တင်အာကာသယာဉ်၏ အမြန်ချိတ်ဆက်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်ပြီး အနာဂါတ် အာကာသစခန်းဆောက်လုပ်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

Tianzhou-1 ကုန်တင်အာကာသယာဉ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မှ ဧပြီ ၂၀ရက်တွင် စတင်လွှတ်တင်ခဲ့ပြီး ၎င်းက ဂြိုလ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသည့် Tiangong-2 အာကာသစခန်း နှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် ချိတ်ဆက်မှုကို ဧပြီ ၂၂ ရက် နှင့် ဇွန် ၁၉ ရက်တွင် အသီးသီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.