Connect with us

Science & Technology

ပေကျင်း၌ မောင်းသူမဲ့ မြေအောက်ရထား နှင့် ဓာတ်ရထားကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်နိုင်ခဲ့

တရုတ်နိုင်ငံပေကျင်းမြို့ ရှိ မောင်းသူမဲ့ ဓာတ်ရထားတစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ယနေ့(စက်တင်ဘာလ ၂ဝ ရက်)တွင် မောင်းသူမဲ့ မြေအောက်ရထား၊ သံလိုက်ဆွဲအားသုံးမြေအောက်ရထား နှင့် ဓာတ်ရထား အပါအဝင် ရထားလမ်းပိုင်း ၃ ခုကို အောင်မြင်စွာ စမ်းသပ်မောင်းနှင် နိုင်ခဲ့ကြောင်း ၊ အဆိုပါ ရထားလမ်းပိုင်းအားလုံးသည် မြို့တော်ပေကျင်း၏ အနောက်ပိုင်းရှိ ဒေသများကို ယခုနှစ်ကုန်ပိုင်းတွင် ချိတ်ဆက်မောင်းနှင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အရှည် ၁၆.၆ ကီလိုမီတာရှိ Yanfang ရထားလမ်းပိုင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ဓာတ်ရထားအလိုအလျှောက် မောင်းနှင်နိုင်သည့် ရထားလမ်းပိုင်း တစ်ခုဖြစ်လာမည်။ ၎င်းရထားလမ်းပိုင်းသည် ပေကျင်းမြို့အနောက်တောင်ပိုင်းရှိ Yanhua နှင့် Fangshan နယ်မြေ ဧရိယာ နှစ်ခုကို ဆက်သွယ်ပေးမည်ဖြစ်သည်။ အဆိုပါ မောင်းသူမဲ့ ဓာတ်ရထားသည် တစ်နာရီလျင် ၈ဝ ကီလိုမီတာအထိ အမြန်ဆုံးမောင်းနှင်နိုင်ရန် ပုံစံထုတ်ထားကြောင်းသိရသည်။

အလျား ၁ဝ.၂ ကီလိုမီတာရှိ S1 လမ်းပိုင်းသည် ပေကျင်းမြို့၏ ပထမဆုံး အလယ်အလတ်-အနိုမ့်ဆုံး အရှိန်ဖြင့် ခုတ်မောင်းမည့် သံလိုက်ဆွဲအားသုံး ရထားလမ်းပိုင်းဖြစ်ပြီး အနောက်ပိုင်းရှိ Mentougou ခရိုင် နှင့် Shijingshan ခရိုင် နှစ်ခုကို ချိတ်ဆက်ပေးမည်ဖြစ်သည်။

ထို့ပြင် မြို့တော်၏ အနောက်ပိုင်းဒေသကို ဆက်သွယ်ပေးသော အလျား ၉ ကီလိုမီတာအကွာရှိ လမ်းပိုင်းသည်လည်း ပေကျင်းမြို့အနောက်မြောက်ပိုင်းရှိ နွေရာသီစံနန်းတော် ၊ Fragrant တောင် နှင့် ရုက္ခဗေဒဥယျာဉ်များသို့ကမ္ဘာလှည့်ခရီးသည်များ သွားလာနိုင်အောင် ပို့ဆောင်ပေးမည့် လမ်းပိုင်းဖြစ်သည်။

ဓာတ်ရထားများ အသုံးပြုခြင်းက နှစ် ၅ဝ ခန့်ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း နှင့် အများပြည်သူပို့ဆောင်ရေး ရည်ရွယ်ချက် နှစ်ခုစလုံးဖြင့် ကားရထားများကို ပြန်လည်စတင်အသုံးပြုခြင်းဖြစ်သည်။ ၎င်းကားရထားများက တစ်နာရီလျင် ၇ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်မည်ဟု သိရသည်။

ပေကျင်းမြို့၌ လမ်းပိုင်း ၁၉ ခုရှိပြီး စုစုပေါင်း ခရီးအရှည် ၅၇၄ ကီလိုမီတာကို ပို့ဆောင်ပေးလျက်ရှိသည်။ ခရီးအရှည် ၃၅ဝ ကီလိုမီတာအထိ ချိတ်ဆက်ပေးမည့် မြေအောက်ရထားသို့မဟုတ် ရထားလမ်းပိုင်းများကို ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.