Science & Technology
တရုတ်နိုင်ငံ အင်တာနက်ယဉ်ကျေးမှုညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပမည်

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ အင်တာနက်ယဉ်ကျေးမှုညီလာခံကို ပေကျင်းမြို့တွင် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို တရုတ်နိုင်ငံ Animation Comic Game Group နှင့် ပေကျင်းမြို့တော် ယဉ်ကျေးမှုဆိုင်ရာ မြူနီစီပယ်ဗျူရိုတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ အသွင်ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အင်တာနက်ယဉ်ကျေးမှု ပုံစံသစ်များနှင့် ဒီဂျစ်တယ်စနစ်ဦးတည်ရာအသစ်များအကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။
ယင်း ညီလာခံတွင် အင်တာနက်ယဉ်ကျေးမှု ဆန်းသစ်တီထွင်ခြင်းနှင့် အသွင်ကူးပြောင်းခြင်း၊ Animation comic ကစားပွဲများ၏ အနာဂတ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစည်းခြင်းနှင့် အွန်လိုင်းဗီဒီယိုများ စသည်တို့ကို ဦးတည်ဆွေးနွေးမည့် ဖိုရမ်လေးခုပါဝင်မည် ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး စီစဉ်သူများ အဆိုအရ သိရသည်။ (Xinhua)