Connect with us

Science & Technology

ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို တရုတ်နိုင်ငံ ထုတ်ဖော်ပြသ

အသိဉာဏ်တု သတင်းကြေညာသူပုံရိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ဟန်ကျိုး၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ကျင်းပနေသော ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ဖရင့်တွင် ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု (AI) သတင်းကြေညာသူ “He” ကို ပွဲဦးထွက်ပြသခဲ့ကြောင်း သိရသည်။

နောက်ဆုံးပေါ် AI နည်းပညာပေါ် အခြေခံထားသော အဆိုပါ သတင်းကြေညာသူတွင် အသံ၊ မျက်နှာအမူအရာနှင့် လူတစ်ယောက်ကဲ့သို့ လှုပ်ရှားမှုများပါရှိသော အမျိုးသားပုံရိပ်တစ်ခုရှိသည်ဟု ဆိုသည်။ “He” သည် ဗီဒီယို အသံလွှင့်ချက်များကို ၎င်းကိုယ်တိုင် လေ့လာကာ ကျွမ်းကျင်သော သတင်းကြေညာသူ တစ်ဦးကဲ့သို့ သဘာဝကျစွာ စာသားများကို ဖတ်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ အသိဉာဏ်တု သတင်းကြေညာသူအား တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ ဆင်ဟွာသတင်းအေဂျင်စီနှင့် တရုတ်နိုင်ငံ၏ search engine ကုမ္ပဏီဖြစ်သော Sogou.com တို့က ပူးတွဲဖော်ဆောင်ထားခြင်း ဖြစ်သည်။

ဆင်ဟွာ၏အဆိုအရ “He” သည် သတင်းတင်ဆက်ခြင်းအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ဆင်ဟွာ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများစွာ၌ ၂၄ နာရီ အလုပ်လုပ်နိုင်ကြောင်း၊ သတင်းထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး ထိရောက်မှုရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.