Science & Technology
တရုတ်နိုင်ငံက တယ်လီကွန်းနည်းပညာ စမ်းသပ် ဂြိုဟ်တုတစ်လုံးလွှတ်တင်

ရှီချန်း၊ ဇန်နဝါရီ ၆ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အမှတ် (၂) တယ်လီကွန်းနည်းပညာ စမ်းသပ် ဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံ၏ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ဇန်နဝါရီ ၅ရက် ညပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုအား ဒေသစံတော်ချိန် ည ၁၁း၁၈နာရီတွင် Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)