Connect with us

Science & Technology

တရုတ်နိုင်ငံက ပထမဆုံး အင်္ဂါဂြိုဟ်ခရီးစဉ် အောင်မြင်စွာ စတင် 

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တင်ဆောင်ထားသော Long March-5 ဒုံးပျံအား ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဝန်ချန်း၊ ဟိုင်နန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည်  အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် လှည့်လည်သွားလာခြင်းကို လုပ်ငန်းစဉ်တစ်ခုတည်းအတွင်း ပြီးမြောက်ရန် ရည်ရွယ်ထားပြီး အင်္ဂါဂြိုဟ် ဆိုလာစနစ် စူးစမ်းလေ့လာရေး၌ ပထမခြေလှမ်းလည်း ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၏ အကြီးဆုံး ဂြိုဟ်တု သယ်ဆောင်ရေးယာဉ်ဖြစ်သည့် Long March-5 ဒုံးပျံသည် ထုထည် ၅ တန်ခန့်ရှိသော အာကာသယာဉ်ကို သယ်ဆောင်ကာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၄၁ နာရီ၌ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစင်တာမှ  ကောင်းကင်သို့ လွှတ်တင်ခဲ့သည်။ 

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တင်ဆောင်ထားသော Long March-5 ဒုံးပျံအား ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တင်ဆောင်ထားသော Long March-5 ဒုံးပျံအား ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဒုံးပျံလွှတ်တင်ပြီး ၃၆ မိနစ်ခန့်ကြာပြီးနောက် ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်တစ်စင်းနှင့် ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်တစ်စင်း အပါအဝင် အဆိုပါ အာကာသယာဉ်သည် ကမ္ဘာဂြိုဟ်-အင်္ဂါဂြိုဟ်ပတ်လမ်းအတွင်းသို့ ပို့လွှတ်ခဲ့ကြောင်း နှင့် အင်္ဂါဂြိုဟ်သို့ရောက်ရှိရန် ၇ လနီးပါးကြာမည့်ခရီးကို စတင်လိုက်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ခရီးစဉ်အား ထျန်းဝန်-၁ (Tianwen-1) ဟု အမည်ပေးထားကာ မိုးကောင်းကင်သို့ မေးခွန်းများဟု အဓိပ္ပါယ်ရပြီး တရုတ်ရှေးဟောင်း နာမည်အကျော်ကြားဆုံးကဗျာများအနက် တစ်ပုဒ်ဖြစ်သော Qu Yuan (ဘီစီ ၃၄၀-၂၇၈) ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်မှ အမည်ကို ပေးထားခြင်းဖြစ်သည်။ အဆိုပါ နာမည်သည် အမှန်တရားနှင့် သိပ္ပံနည်းလမ်းကို လိုက်လျော်ညီထွေးရှိခြင်းနှင့် သဘာဝတရားနှင့် စကြဝဠာကို စူးစမ်းခြင်း၌ တရုတ်နိုင်ငံ၏ ဇွဲလုံ့လကို ဖော်ပြခြင်းလည်း ဖြစ်ကြောင်း CNSA က ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.