Connect with us

Science & Technology

တရုတ်နိုင်ငံက မိုဘိုင်းဆက်သွယ်ရေးဂြိုဟ်တုအသစ်တစ်စင်း လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Tiantong 1-03 မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုကို ဇန်နဝါရီ ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

Tiantong 1-03 ဂြိုဟ်တုအား ပေကျင်းစံတော် နံနက် ၀၀:၂၅ နာရီက Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Tiantong 1-03 မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုကို ဇန်နဝါရီ ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Tiantong 1-03 မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုကို ဇန်နဝါရီ ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

Tiantong-1 သည် တရုတ်နိုင်ငံက သီးခြားတီထွင်ထုတ်လုပ်ကာ တည်ဆောက်ထားသော မိုဘိုင်းဆက်သွယ်ရေးဂြိုဟ်တုစနစ် ဖြစ်သည်။ အဆိုပါ စနစ်တွင် အာကာသအပိုင်း၊ မြေပြင်အပိုင်းနှင့် သုံးစွဲသူဝင်ရောက်ရာနေရာတို့ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီက တီထွင်ထားသော Tiantong 1-03 ဂြိုဟ်တုသည် တရုတ်နိုင်ငံနှင့် အနီးဝန်းကျင်ဧရိယာများ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားဆက်စပ်သောဒေသများနှင့် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာရှိ ပင်လယ်ပြင်ဧရိယာအတော်များများမှ အသုံးပြုသူများအတွက် အသံ၊ စာတိုနှင့် အချက်အလက် စသဖြင့် ရာသီမရွေး၊ အချိန်မရွေး တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် မြေပြင်အဆောက်အအုံများနှင့် မိုဘိုင်းကွန်ရက်တစ်ခု တည်ဆောက်သွားမည်ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၃၅၈ ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသလွှတ်တင်မှုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–

(English Version)
China launches new mobile telecommunication satellite
Source: Xinhua| 2021-01-20 01:28:15|Editor: huaxia
XICHANG, Jan. 20 (Xinhua) — China successfully launched a new mobile telecommunication satellite from the Xichang Satellite Launch Center in southwest China’s Sichuan Province on Wednesday.
The Tiantong 1-03 satellite was launched at 00:25 a.m. (Beijing Time) by a Long March-3B carrier rocket and entered the planned orbit successfully.
Tiantong-1 is a satellite mobile communication system independently developed and built by China. It consists of a space segment, ground segment, and user terminal.
Developed by the China Academy of Space Technology, the Tiantong 1-03 satellite will establish a mobile network with ground facilities to provide all-weather, all-time, stable and reliable mobile communication services such as voice, short message and data for users in China and its surrounding areas, the Middle East, Africa and other related regions, as well as most sea areas in the Pacific Ocean and Indian Ocean.
Wednesday’s launch was the 358th by the Long March rocket series and also the country’s first space launch in 2021. Enditem
1- 3- A Long March-3B carrier rocket carrying the Tiantong 1-03 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Jan. 20, 2021. China successfully launched a new mobile telecommunication satellite from the Xichang Satellite Launch Center in southwest China’s Sichuan Province on Wednesday. The Tiantong 1-03 satellite was launched at 00:25 a.m. (Beijing Time) by a Long March-3B carrier rocket and entered the planned orbit successfully. (Photo by Guo Wenbin/Xinhua)