Connect with us

Science & Technology

တရုတ်နိုင်ငံက WJ-700 မောင်းသူမဲ့လေယာဉ် ပွဲဦးထွက်ပျံသန်း

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လေဆိပ်တစ်ခုတွင် WJ-700 မောင်းသူမဲ့လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- China Aerospace Science and Industry Corporation)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ WJ-700 မောင်းသူမဲ့လေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်၊ အမြန်နှုန်းနှင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်သော ကင်းထောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး ပွဲဦးထွက်ပျံသန်းခြင်း ပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူက ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံ လေကြောင်းအာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းအောက်ရှိ အဖွဲ့အစည်းက ထုတ်လုပ်သော WJ-700 လေယာဉ်သည် အဆင့်မြင့်နည်းပညာများစွာကို ထည့်သွင်းတည်ဆောက်ထားသည်။ ၎င်းလေယာဉ်၏ လုပ်နိုင်စွမ်း၊ အကွာအဝေးနှင့် သယ်ဆောင်နိုင်စွမ်းကဲ့သို့သော အဓိကအညွှန်းများသည် မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ UAV လေယာဉ်သည် လာမည့် ငါးနှစ်မှ ၁၀ နှစ်အတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက် နှစ်ခုလုံးအတွက် ရည်ရွယ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

၎င်းလေယာဉ်၏ အောင်မြင်သော ပွဲဦးထွက်ပျံသန်းမှုသည် တရုတ်နိုင်ငံ၏ မောင်းသူမဲ့စက်ကိရိယာ တီထွင်ဆန်းသစ်မှုနှင့် တိုးတက်မှုအတွက် အရေးပါသော ပံ့ပိုးမှု ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………

China’s WJ-700 UAV makes maiden flight
Source: Xinhua| 2021-01-13 22:57:35|Editor: huaxia
BEIJING, Jan. 13 (Xinhua) — China’s WJ-700, a high-altitude, high-speed and long-endurance unmanned aerial vehicle (UAV) capable of conducting reconnaissance and strike, has performed its maiden flight, its developer announced Wednesday.
Developed by an institute under the China Aerospace Science and Industry Corporation, the WJ-700 has adopted a number of advanced technologies. Its key indicators such as endurance, range and carrying capacity reached the advanced level.
The UAV will target both the domestic and international markets in the next five to 10 years, according to the company.
The success of the maiden flight will provide important support for the innovation and development of China’s unmanned equipment, sources with the company said. ■
Photo taken on Jan. 11, 2021 shows a WJ-700 UAV at an airport in northeast China. (Photo provided by China Aerospace Science and Industry Corporation)