Science & Technology
ပေကျင်းမြို့လမ်းများပေါ်တွင် မောင်းသူမဲ့ ပို့ဆောင်ရေးယာဉ်များ မောင်းနှင်သွားလာမည်
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ)
ပေကျင်းမြို့ရှိ သတ်မှတ်ထားသော အဓိကလမ်းများပေါ်တွင် မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်များ မောင်းနှင်သွားလာရန် ကုမ္ပဏီသုံးခုအား မေ ၂၅ ရက်တွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း ၊ ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက တရုတ်နိုင်ငံ၏ မြို့တော်၌ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။e-commerce ကုမ္ပဏီကြီးဖြစ်သည့် JD.com ၊ အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီ Meituan ၊ ကိုင်တိုင်မောင်းနှင်သည့်ယာဉ် ထုတ်လုပ်သူ Neolix တို့သည် ၎င်းတို့၏ ယာဉ်များအတွက် ID နံပါတ်များအား ပေကျင်းမြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် အသိဉာဏ်ချိတ်ဆက် မော်တော်ယာဉ်နည်းပညာ၏ အပြည်ပြည်ဆိုင်ရာညီလာခံ၌ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်များသည် တာ့ရှင်းခရိုင်ရှိ E-Town ဟုလည်း လူသိများသော ပေကျင်း စီးပွားရေး-နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဧရိယာအတွင်း အကျယ် ၆၀ စတုရန်းကီလိုမီတာ လွှမ်းခြုံထားသည့် ပေကျင်းမြို့ရှိ အဆင့်မြင့် ကိုင်တိုင်မောင်းနှင်သရုပ်ပြနေရာ၌ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်များသည် သရုပ်ပြဧရိယာအတွင်း အမြန်ပို့ဆောင်ပေးခြင်း ၊ အစားအသောက်ဝန်ဆောင်ပေးခြင်း နှင့် လက်လီရောင်းချခြင်းများအား စီမံခန့်ခွဲပေးလိမ့်မည် ဖြစ်ကြောင်း E-Town ၏ လက်ထောက်ညွှန်ကြားရေးမှူး Kong Lei က ပြောကြားခဲ့သည်။
ပေကျင်းမြို့သည် ဧပြီလက စမ်းသပ်ပြီး လည်ပတ်နည်းလမ်းများနှင့် အလိုအလျောက်ထုတ်ကုန်သစ်များ ၊ နည်းပညာများ ခွင့်ပြုသည့် သရုပ်ပြမောင်းနှင်မှုဧရိယာတွင် အသိဉာဏ်ချိတ်ဆက်ထားသည့်ယာဉ်များအတွက် မူဝါဒများ ဆန်းသစ်ပြောင်းလဲခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Unmanned delivery vehicles to hit Beijing roads
BEIJING, May 25 (Xinhua) — Three companies on Tuesday were given permits to run their unmanned delivery vehicles on designated open roads in Beijing, the first time the Chinese capital will allow such vehicles.
The e-commerce giant JD.com, the online service company Meituan, and the autonomous driving vehicle producer Neolix received ID numbers for these vehicles at the eighth international congress of intelligent connected vehicles technology in Beijing.
The vehicles will drive at the Beijing high-level autonomous driving demonstration area, which covers 60 square km at the Beijing Economic-Technological Development Area, also known as E-Town, in Daxing District.
Kong Lei, deputy director of E-Town, said that the unmanned delivery vehicle operators will conduct express deliveries, catering, and retail business in the demonstration area.
In April, Beijing innovated its policy on intelligent connected vehicles in the demonstration area, allowing new auto products, technologies, and modes to be tested and operated. Enditem