Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သိပ္ပံနည်းကျသုတေသနကို အလေးထားရန် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တရုတ် ဆေးသိပ္ပံအကယ်ဒမီလက်အောက်ရှိ ရောဂါပိုးဆိုင်ရာ ဇီဝဗေဒသိပ္ပံသို့ ဖေဖော်ဝါရီ ၉ ရက်က သွားရောက်စစ်ဆေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရာတွင် အောင်မြင်မှုရှိစေရန် သိပ္ပံနည်းကျ သုတေသန အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ရန် ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ကပ်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဦးဆောင်အဖွဲ့ ခေါင်းဆောင် လီက တရုတ် ဆေးသိပ္ပံအကယ်ဒမီလက်အောက်ရှိ ရောဂါပိုးဆိုင်ရာ ဇီဝဗေဒသိပ္ပံသို့ စစ်ဆေးရေးသွားရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တရုတ် ဆေးသိပ္ပံအကယ်ဒမီလက်အောက်ရှိ ရောဂါပိုးဆိုင်ရာ ဇီဝဗေဒသိပ္ပံသို့ ဖေဖော်ဝါရီ ၉ ရက်က သွားရောက်စစ်ဆေးစဉ် (ဆင်ဟွာ)

ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး နောက်ဆုံးသုတေသနတွေ့ရှိချက် အစီရင်ခံစာများအပေါ် ကြားနာခဲ့ပြီးနောက် သုတေသီများ၏ အာရုံစူးစိုက်စွာဖြင့် အလုပ်ကြိုးစားမှုများကို အသိအမှတ်ပြုကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

လီက ဗိုင်းရပ်စ် တိုက်ထုတ်ရာတွင် နိုင်ငံတစ်ဝန်း လုပ်ဆောင်မှုနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ထောက်ပံ့မှု နှစ်ခုစလုံးကို မှတ်ချက်ပြုရင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် လတ်တလော အကြီးမားဆုံး စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အကောင်းဆုံး သိပ္ပံနည်းကျ သုတေသန အရင်းအမြစ်များကို အတူတကွစုပေါင်း ကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် လူနာများကုသရေးနှင့် လူသေဆုံးမှု လျှော့ချရေးများ၌ ထိရောက်သည့် ဆေးဝါးများ၏ အရေးပါသော အခန်းကဏ္ဍက အရေးကြီးကြောင်း၊ သုတေသီများအနေဖြင့် အကြံဉာဏ်များ စုပေါင်းပါဝင်ရေး “အချိန်နှင့်အမျှ” လုပ်ဆောင်ရန်နှင့် ထိရောက်သော ဆေးဝါးများအပေါ် သုတေသနကြိုးပမ်းမှုများ အစွမ်းကုန်လုပ်ဆောင်ရာတွင် ပျောက်ကင်းသွားသော လူနာများ၏ ကုသမှုများကို လေ့လာရန် ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိသော ဆေးဝါးနှင့် ကာကွယ်ဆေး သုတေသန လုပ်ငန်းစဉ်များတွင် သိပ္ပံနှင့် သိပ္ပံပညာရပ်ဆိုင်ရာ စည်းမျဉ်းများကိုလည်း လေးစားကြောင်း လီက ဆိုသည်။  (Xinhua)