Connect with us

Social, Education & Health

တရုတ် နိုင်ငံက အာဖဂန်နစ္စတန် ငလျင် အတွက် ယွမ်ငွေ ၁၀ သန်း ဖိုး ကူညီထောက်ပံ့


ပေကျင်း ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ အစိုးရက နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် အာဖဂန် နစ္စတန် အစိုးရထံသို့ တရုတ် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိသော အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ထောက်ပံ့ရေး ပစ္စည်းများအား လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။

တရုတ် နိုင်ငံ ပြည်ပ ထောက်ပံ့ရေး ဌာန တာဝန် ရှိသူမှ အောက်တိုဘာ ၂၆ ရက်နေ့က အာဖဂန်နစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၇.၈ စကေး ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်နိုင်ငံတွင် အသက် အိုးအိမ် ပျက်ဆီးမှု အများအပြား ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် ပြည်သူများ အပေါ် ထောက်ပံ့ ကူညီလိုသောကြောင့် တရုတ် နိုင်ငံ အစိုးရက ယခု ထောက်ပံ့ရေး အစီအစဉ် ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ၏ ငလျင်ဘေး ဒုက္ခသည်များအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ပစ္စည်းများကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ပို့ဆောင် ခဲ့သည့် ထောက်ပံ့ရေး ပစ္စည်း များတွင် ယာယီတဲ အလုံး ၃၀၀ ၊ စောင်အရေအတွက် ၂၀,၀၀၀ နှင့် တီဗီ အလုံး ၆၀ စသည်တို့ ပါဝင် ခဲ့ပြီး ယနေ့ အာဖဂန်နစ္စတန် ဒေသ စံတော်ချိန် နေ့လည် ၂ နာရီတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)