Connect with us

Social, Education & Health

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ အများအပြားမှ ဘွဲ့ရ တရုတ်နိုင်ငံသား ကျောင်းသား ၄ သိန်းကျော် မိခင်နိုင်ငံသို့ ပြန်လာကြ

ကိုရီးယား နိုင်ငံရောက် တရုတ်နိုင်ငံသား ကျောင်းသားများအား ၂၀၀၈ ကိုရီးယားအိုလံပစ် ပြိုင်ပွဲတွင် တွေ့ရစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ မတ် ၂၄ ရက် ( ဆင်ဟွာ )

ကမ္ဘာ့နိုင်ငံ အများအပြား၌ ပညာသင်ကြား ပြီးမြောက်ပြီး မိခင် တရုတ်နိုင်ငံသို့ပြန်လာကြသော ဘွဲ့ရ ကျောင်းသား ဦးရေမှာ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း ၄ဝ,၉ဝဝဦး ရှိကြောင်း မတ်လ ၂၄ ရက်တွင် တရုတ်နိုင်ငံ အစိုးရက တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။

တရုတ်နိုင်ငံ လူ့စွမ်းအား အရင်းအမြစ် နှင့် လူမှုဘဝ လုံခြုံရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး Tang Tao က ဝန်ကြီးဋ္ဌာနပေါင်းစုံ အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ တရုတ်နိုင်ငံသို့ပြန်လာကြသော နိုင်ငံတကာဘွဲ့ရကျောင်းသား ဦးရေမှာ ၂.၂၁ သန်းရှိသည်ဟု ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ စက်မှုဇုံ ၃၂၁ ခုတည်ထောင်ထားပြီး ပြည်တော်ပြန် တရုတ်နိုင်ငံသား ကျောင်းသားများ အတွက် ကိုယ်ပိုင် စီးပွား လုပ်ကိုင်နိုင်ရန် အိမ်ယာ စီမံကိန်းပေါင်း ၂၄,ဝဝဝ အထိ စီစဉ် ထားပေးကြောင်းလည်း ဝန်ကြီးက ပြောသည်။

ထို့ပြင် ကမ္ဘာ့ နိုင်ငံ အများအပြားတို့ပညာသင်ကြားရန် အတွက် ရောက်ရှိနေသော တရုတ်နိုင်ငံသား ကျောင်းသား များကို ၂၀၁၆ ခုနှစ်အတွင်း အမိနိုင်ငံသို့ ပြန်လာကြရန် တရုတ်နိုင်ငံ အစိုးရက ကြိုးပမ်းနေကြောင်း နှင့် ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ပြည်သူ့ဝန်ဆောင်မှု အစီအစဉ် တစ်ခုဖြစ်သည့် စွမ်းရည်တစ်ထောင် “ Thousand Talents” အစီအစဉ်မျိုးဖြင့် ပြည်ပရောက် တရုတ်နိုင်ငံသား ပညာတော်သင်များကို မိခင်နိုင်ငံသို့ ပြန်လာကြစေရန် ဆွဲဆောင်မှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ဝန်ကြီးဋ္ဌာန ပေါင်းစု မျက်နှာစုံညီ စည်းဝေးပွဲ စနစ်သည် ပြည်ပရောက် တရုတ်နိုင်ငံသား ကျောင်းသား၊ ကျောင်းသူများ မိခင်တရုတ်နိုင်ငံသို့ ပြန်လာရေးအတွက် လိုအပ်သော အကူအညီများ ပေးနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံတော် ကောင်စီ၏ လမ်းညွှန်မှုဖြင့် ၂၀၀၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့သော အစည်းအဝေးပွဲ တစ်ခုဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.