Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံတော် ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား မကြာမီပြုလုပ်မည့် အစည်းအဝေးအတွက် နိုင်ငံရေးပြင်ဆင်မှုများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် အချိန်နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၄ ရက်၌ မျက်နှာချင်းဆိုင် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ Lavrov နှင့် ၎င်း၏ ကနဦးတာဝန်မှာ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား လူချင်းတွေ့ဆုံမှုအတွက် နောက်ဆုံးနိုင်ငံရေးပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။

“နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ လမ်းညွှန်ထားတဲ့အတိုင်း တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့အတူ နှစ်နိုင်ငံကြား ဂုဏ်သရေရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ နိုင်ငံတကာ မျှတမှုနဲ့ တရားမျှတမှုကို ထိန်းသိမ်းရေး၊ နှစ်နိုင်ငံ ပြည်သူများနဲ့ ကမ္ဘာကြီးတစ်ခုလုံး အကျိုးကျေးဇူးတွေ ပိုမိုဆောင်ကြဉ်းပေးနိုင်ရေး အတူတကွဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” ဝမ်က ပြောခဲ့သည်။

တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက် တည်ဆောက်ရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု တိုးမြှင့်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးရေး အစီအမံချိန်ညှိမှုများ အားကောင်းရေး၊ တပ်ဖွဲ့ဝင်များ ပုံမှန်ဖလှယ်ရေးနှင့် ကုန်သွယ်ရေး သေချာစေရေးအတွက်လည်း ဝမ်က ပြောကြားခဲ့သလို ထိုသို့လုပ်ဆောင်မှသာနှစ်နိုင်ငံ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု၏ ကာလရှည်ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ ယူရေးရှား စီးပွားရေးသမဂ္ဂနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ကြား ဘုံအကျိုးစီးပွားများ ချဲ့ထွင်ရန် ကြီးမားသော စုစည်းများကို ရှာဖွေရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း Lavrov က ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံတို့သည် အိုလံပစ်စိတ်ဓာတ်ကို ရှေ့ဆက်ဆောင်ရွက်ရန်၊ အားကစားကို နိုင်ငံရေးအမြတ်ထုတ်ခြင်းကို ပူးတွဲပယ်ဖျက်ရန်နှင့် ပေကျင်း ဆောင်းရာသီအိုလံပစ် ကျင်းပခြင်းကို ထောက်ခံရန် သဘောတူခဲ့ကြသည်။

၎င်းတို့သည် အာရှပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်းအတွက် ဘုံရပ်တည်ချက်ကို ပြောကြားခဲ့ပြီး အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့သော ကြိုးပမ်းမှုမျိုးကိုမဆို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(English Version)
Chinese FM meets visiting Russian FM
Source: Xinhua
Editor: huaxia

2022-02-04 00:08:15
BEIJING, Feb. 3 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Thursday met with visiting Russian Foreign Minister Sergei Lavrov in Beijing, as they made political preparations for the upcoming meeting between the two countries’ heads of state.
Noting that Chinese President Xi Jinping and Russian President Vladimir Putin will have a face-to-face meeting on Friday for the first time in more than two years, Wang said the primary task of his meeting with Lavrov is making final political preparations for the in-person meeting between the two heads of state.
“Guided by the consensus reached by the two heads of state, China is ready to work with Russia to deepen the time-honored friendship and comprehensive strategic coordination between the two countries, uphold international fairness and justice and bring more benefits to the people of the two countries and the world at large,” Wang said.
He called on the two sides to build consensus on fighting the pandemic, enhance mutual trust and understanding, strengthen the alignment of measures to block cross-border spread of the coronavirus, ensure normal personnel exchanges and trade, so as to promote steady and long-term development of bilateral pragmatic cooperation.
For his part, Lavrov said that Russia appreciates China’s efforts to deepen bilateral cooperation and is ready to work with China to seek greater synergy between the Eurasian Economic Union and the Belt and Road Initiative to expand common interests.
The two sides agreed to carry forward the Olympic spirit, jointly reject politicization of sports, and support the holding of the Beijing Winter Olympics.
They also voiced their common stand for safeguarding peace and stability in the Asia-Pacific region and oppose any attempt to create bloc confrontation. ■
Photo : Chinese State Councilor and Foreign Minister Wang Yi meets with Russian Foreign Minister Sergei Lavrov in Beijing, capital of China, Feb. 3, 2022. (Xinhua/Gao Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.