ပေကျင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ၊ သံသယလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ မရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော် ရှင်းဖားတိ လယ်ယာထွက်ကုန်လက်ကားဈေးတွင် COVID-19 အစုလိုက်ဖြစ်ပွားမှုမှ နောက်ဆုံးလူနာမှာ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သဖြင့် အဆိုပါအုပ်စုမှ ၃၃၅ ဦးလုံးသက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မြို့တော် ကျန်းမာရေးကော်မရှင်က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Ekebar Emet သည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Bachu နယ်မြေမှ ဝူးလူမုချီမြို့ ထျန်းဆန်းခရိုင် တုံးချိုက်ယွမ်ရပ်ကွက်သို့ တစ်နှစ်တာ အလုပ်သင်ကျောင်းသားအဖြစ် ဇွန် ၃ ရက်က ရောက်ရှိလာခဲ့သည်။
ဟောင်ကောင်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဆိုးဝါးလှသည့် COVID-19 ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ရာတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် လူအဖွဲ့အစည်းအသိုက်အဝန်းအသီးသီးက စည်းလုံးညီညွတ်စွာလက်တွဲကာ ကပ်ရောဂါကို အမြန်ဆုံးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အမြန်ဆုံး ရောဂါထိန်းချုပ်နိုင်ရန်နှင့် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ရန် ဟောင်ကောင်ဒေသ အစိုးရက ရက်ဆက် ရောဂါ ကာကွယ်ရေး...
ဟောင်ကောင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၃ ရက် ၀၀:၀၀ နာရီအထိ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၈၀ ဦး ရှိရာ အားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ် ဗဟိုအစိုးရအနေဖြင့် အစဉ်အမြဲ ဂရုစိုက် ကြည့်ရှုခဲ့သည်။
ဝူးလူမုချီ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဗိုင်းရပ်စ်ပျံ့နှံ့မှု အသစ်တစ်ဖန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝူးလူမုချီမြို့တွင် လက္ခဏာမပြ COVID-19 လူနာများ ၊ သံသယလူနာများ နှင့် အတည်ပြုလူနာများအားလုံးကို အခမဲ့ဆေးကုသမှုပေးနေကြောင်း မြူနီစီပယ်ကျန်းမာရေးစောင့်ရှောက်မှုအရာရှိတစ်ဦးက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဩဂုတ် ၁ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၃ ဦးရှိကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ဗဟိုအစိုးရ အနေဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရ၏ တောင်းဆိုချက်အရ HKSAR တွင် ကပ်ရောဂါတိုက်ဖျက်ရေး အတွက် လိုအပ်သည့် အထောက်အပံ့များအားလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဟောင်ကောင်ဒေသရှိ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံးမှ ထုတ်ဖော် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် COVID-19 အရေးပေါ်တုံ့ပြန်ရေးကို အဆင့် ၃ မှ အဆင့် ၂ သို့လျှော့ချလိုက်သဖြင့် အားကစားနှင့် ကိုယ်ကာယလေ့ကျင့်ရေးနေရာများ ပြန်လည်ဖွင့်လှစ်ရန်အတွက် လမ်းညွှန်ချက်အသစ်များကို မြို့တော် အားကစားဗျူရိုက ဇူလိုင် ၂၁ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။