Connect with us

CHINA

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ COVID-19 တိုက်ဖျက်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသော လူငယ်လေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ ထျန်ဆန်းခရိုင်ရှိ ရပ်ကွက်တစ်ခုအတွင်း ကူးစက်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ချက်များအား နှိုးဆော်ကြေညာပေးနေသည့် စေတနာ့ဝန်ထမ်း Ekebar Emet အား တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Ekebar Emet သည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Bachu နယ်မြေမှ ဝူးလူမုချီမြို့ ထျန်းဆန်းခရိုင် တုံးချိုက်ယွမ်ရပ်ကွက်သို့ တစ်နှစ်တာ အလုပ်သင်ကျောင်းသားအဖြစ် ဇွန် ၃ ရက်က ရောက်ရှိလာခဲ့သည်။

ရှင်းကျန်းတွင် COVID-19 ဖြစ်ပွားမှု ရုတ်တရက်မြင့်တက်လာခဲ့ချိန်တွင် Ekebar သည် အလုပ်သင်ကျောင်းသားအဖြစ်မှ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ လုပ်ဆောင်ရသော စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲစေခဲ့သည်။ 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ ထျန်ဆန်းခရိုင်ရှိ ဒေသခံတစ်ဦးအား ဖရဲသီးပို့ဆောင်ပေးနေသော စေတနာ့ဝန်ထမ်း Ekebar Emet (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ ထျန်ဆန်းခရိုင်ရှိ ရပ်ကွက်တစ်ခုအတွင်း စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော Ekebar Emet အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ ထျန်ဆန်းခရိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်နေသည့် Ekebar Emet (ယာ) နှင့် လုပ်ဖော်ကိုင်ဖက်များအား အပြန်အလှန်အားပေးနေမှုကို တွေ့ရစဉ် (ဆင်ဟွာ) 

Ekebar သည် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၇၈ စုအတွက် ကူးစက်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ချက်များကို နေ့စဉ် နှိုးဆော်ကြေညာပေးခဲ့သည်။ ရောဂါကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် ရပ်ကွက်နေပြည်သူများ၏ နေ့စဉ်လိုအပ်သောပစ္စည်းများကို Ekebar က အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့သည်။ 

Ekebar သည် ယင်းသို့ကူညီပေးသည့်အလုပ်များကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် လူမှုမီဒီယာ WeChat ပေါ်၌ အထူးစကားပြောခန်း (Group) တစ်ခု ထူထောင်ခဲ့သည်။ ရပ်ကွက်နေသူများအနေဖြင့် ၎င်းတို့၏လိုအပ်ချက်များကို ယင်းအဖွဲ့သို့ နေ့စဉ်ပေးပို့ခဲ့သည်။ နေ့စဉ် မှာယူမှု ၁၀၀ ခန့်ရှိသလို Ekebar ကလည်း အမြဲတစေပြည့်မီအောင် ပို့ဆောင်ပေးခဲ့သည်။ 

“ကပ်ရောဂါကို မကြာမီကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီကပ်ရောဂါက ဒေသခံတွေကို ပိုပြီးစည်းလုံးစေပြီး စည်းလုံးမှုတစ်ခုတည်းကသာ ကူးစက်ရောဂါကို ကျော်လွှားသွားနိုင်မယ်ဆိုတာ အားလုံးက တဖြည်းဖြည်းနဲ့ နားလည်လာကြပြီလို့ ကျွန်တော်ခံစားရတယ်” ဟု ၎င်းက ဆိုသည်။  (Xinhua)