Connect with us

CHINA

ဝူးလူမုချီမြို့တွင် COVID-19 လူနာများအား အခမဲ့ ဆေးကုသပေးနေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီဆေးရုံတွင် တာဝန်ရှိသူတစ်ဦးက ကုသရေးလမ်းညွှန်ချက်ပေးနေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

ဗိုင်းရပ်စ်ပျံ့နှံ့မှု အသစ်တစ်ဖန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝူးလူမုချီမြို့တွင် လက္ခဏာမပြ COVID-19 လူနာများ ၊ သံသယလူနာများ နှင့် အတည်ပြုလူနာများအားလုံးကို အခမဲ့ဆေးကုသမှုပေးနေကြောင်း မြူနီစီပယ်ကျန်းမာရေးစောင့်ရှောက်မှုအရာရှိတစ်ဦးက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့အခမဲ့ဆေးကုသမှုပေးခြင်းရည်ရွယ်ချက်မှာ COVID-19 ရောဂါဝေဒနာရှင်များနှင့် လက္ခဏာမပြလူနာများအတွက် ဆေးကုသမှု ကုန်ကျစရိတ် နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိစေရန်ဖြစ်ကြောင်း ဝူးလူမုချီ ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေးဗျူရို ပါတီအကြီးအကဲ Xe Xinguo က ဆိုသည်။

ပြီးခဲ့သော ဩဂုတ် ၁ ရက်က ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် အတည်ပြုလူနာသစ် ၂၉ ဦး နှင့် လက္ခဏာမပြလူနာ ၉ ဦးတွေ့ရှိခဲ့သည်။ယင်းမှာ ဝူးလူမုချီမြို့၌ အတည်ပြုလူနာသစ် နှင့် လက္ခဏာမပြလူနာသစ် အရေအတွက် သုံးရက်ဆက်တိုက် လျော့ကျခဲ့သော နေ့တစ်နေ့ ဖြစ်ကြောင်း ၊ အထူးသဖြင့် ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ထိရောက်ကောင်းမွန်မှုရှိသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း မြူနီစီပယ်အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Sui Rong က ဆိုသည်။ဩဂုတ် ၁ ရက် အထိ ရှင်းကျန်းဒေသ၌ COVID-19 အတည်ပြုလူနာ ၅၆၉ ဦး နှင့် လက္ခဏာမပြလူနာ ၁၁၂ ဦး အသီးသီးရှိကြောင်း နှင့် အများစုမှာ ဝူးလူမုချီမြို့မှ ဖြစ်ကြောင်း သိရသည်။(Xinhua)