Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဩဂုတ် ၁ ရက်က COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦး၊ လက္ခဏာမပြ ရောဂါကူးစက်ခံရသူ ၁ ဦး ရှိ

တရုတ်နိုင်ငံတွင် ဖွင့်လှစ်မည့်ရုပ်ရှင်ရုံများအား ပိုးသတ်ဆေးဖျန်း နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဩဂုတ် ၁ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၃ ဦးရှိကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ အတည်ပြုလူနာ ၃ ဦးမှာ ဝူဟန့်မှဖြစ်ပြီး  ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ယင်းနေ့ ဒေသတွင်းကူးစက်မှု၊ အသစ်ထပ်တိုးသံသယလူနာနှင့် ထပ်တိုးသေဆုံးသူ မရှိကြောင်း သိရသည်။ဩဂုတ် ၁ ရက် ၂၄ နာရီ အတွင်း ဟူပေပြည်နယ်တစ်ခုလုံးတွင် အတည်ပြုလူနာ ၃ ဦး ရှိပြီး သံသယလူနာမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် COVID-19ရောဂါပိုးစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအချိန်ထိ ဟူပေပြည်နယ်တစ်ခုလုံးတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၆၈,၁၃၈ ဦး ၊ စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၃,၆၂၃ ဦး ၊ သေဆုံးသူ ၄,၅၁၂ ဦး ရှိခဲ့ရာ အနီးကပ်ခြေရာခံစောင့်ကြည့်သူ ၂၈၅,၄၃၉ ဦး၊ ဆေးရုံတွင် စောင့်ကြည့်လျက်ရှိသူ၂၀၅ ဦးရှိကြောင်း သိရသည်။ဩဂုတ် ၁ ရက်က ဟူပေပြည်နယ် ရီချန်းမြို့တွင် လက္ခဏာမပြရောဂါကူးစက်ခံရသူ ၁ ဦးတွေ့ရှိရရာ ၎င်းအား ဆေးရုံတွင် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။(Xinhua)