Connect with us

CHINA

ဗဟိုအစိုးရက ဟောင်ကောင်ဒေသ၏ COVID-19 တိုက်ဖျက်ရေး အတွက် လိုအပ်သည့် အထောက်အပံ့များအားလုံးကို  ပေးအပ်သွားမည်ဟု ဆက်ဆံရေးရုံး ပြောကြား 

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မြို့၌ ဇူလိုင် ၁၉ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) 

ဗဟိုအစိုးရ အနေဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရ၏ တောင်းဆိုချက်အရ HKSAR တွင် ကပ်ရောဂါတိုက်ဖျက်ရေး အတွက် လိုအပ်သည့် အထောက်အပံ့များအားလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဟောင်ကောင်ဒေသရှိ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံးမှ ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ဇူလိုင် ၂၆ ရက် ညပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်ဒေသတွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုအပေါ် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့ကြောင်း ၊ ဟောင်ကောင်ဒေသတွင် လိုအပ်မှု ရှိနေသမျှ ဗဟိုအစိုးရအနေဖြင့် မည်သည့်အချိန်တွင်မဆို ဆေးပစ္စည်းများ ၊ ပံ့ပိုးမှုများ နှင့် ပစ္စည်းကရိယာများအား ကြီးမားသော ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ရုံး၏ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ဗဟိုအစိုးရသည် ဟောင်ကောင်၌ ဗိုင်းရပ်စ် စစ်ဆေးမှုစွမ်းရည်ကို တိုးတက်စေရန် နှင့် ယာယီဆေးရုံများ ဆောက်လုပ်မှုတွင် ကူညီရန် ထောက်ပံ့သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ Tsim Sha Tsui ၌ လမ်းလျှောက်သွားလာနေသူများအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ဟောင်ကောင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၆ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၂၈ ဦးရှိပြီး ငါးရက်ဆက်တိုက် နေ့စဉ် ထပ်တိုးလူနာ ဦးရေ ၁၀၀ ကျော် ထိရှိလာခဲ့ကြောင်း ဖော်ပြထားသည်။  (Xinhua)