Connect with us

CHINA

တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ထိန်းသိမ်း၍ ပါကစ္စတန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့သွားပြီး ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး တွင် နောက်ဆုံး အောင်မြင်မှု ရရှိရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း မေလ ၁၅ ရက် ၌ ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ လွှတ်တော် မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ အား အချိန်မီ တိုက်ဖျက် နိုင်ခဲ့ခြင်း အပေါ် ချီးမွမ်းမှု နှင့် တရုတ် နိုင်ငံ ၏ ပါကစ္စတန် နိုင်ငံ အပေါ် ကူညီထောက်ပံ့မှု အား ကျေးဇူးတင်ခြင်း အား အတည်ပြုခဲ့ခြင်း အပေါ် တရုတ် နိုင်ငံ မှ ချီးမွမ်းလိုကြောင်း ၊ COVID-19 ရောဂါ စတင် ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့ က အပြန်အလှန် ထောက်ခံအားပေးခဲ့ကြပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ထားရှိကာ အတူတကွ ကပ်ရောဂါ အား တိုက်ဖျက်ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ၏ အရေးပါဆုံး အချိန် တွင် ပါကစ္စတန် နိုင်ငံ ၏ တစ်နိုင်ငံလုံးရှိ ရှိသမျှ အင်အား ကို စုစည်း၍ တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ရေး ပစ္စည်းများ ကူညီပေးခဲ့ခြင်း ကို မည်သည့် အချိန် မှ မေ့ပျောက်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း ပါကစ္စတန် နိုင်ငံ ၏ လိုအပ်ချက်အရ ပါကစ္စတန် နိုင်ငံ သို့ ဆေးဘက်ဆိုင်ရာ ပညာရှင်စေလွှတ်ပေးခဲ့ခြင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ နှောင်ကြိုးမဲ့ ထောက်ပံ့ရေး ပစ္စည်းများ အကြိမ်ကြိမ် ပေးပိုခြင်း နှင့် တရုတ် နိုင်ငံ နယ်ပယ်အသီးသီး မှ တက်ကြွစွာ ပါကစ္စတန် နိုင်ငံ အား လှူဒါန်းမှုများ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း ၊ လက်တွေ့ဖြစ်ရပ်များ အရ တရုတ် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့ က အေးအတူ ပူအမျှ စစ်မှန် သည့် မိတ်ဆွေများ ဖြစ်ကြောင်း နှင့် အတူတကွ အခက်အခဲ အား ဖြတ်ကျော် ကြသည့် ညီအကိုများ ဖြစ်ကြောင်း ကို သက်သေပြနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က ရောဂါပိုး ဟူသည်မှာ နယ်နိမိတ် မရှိဘဲ လူမျိုးလဲ မခွဲခြားကြောင်း ၊ အခြားနိုင်ငံ အပေါ် နာမည်ဖျက် ပြောဆိုခြင်း က အခြား နိုင်ငံ ကို ပျက်ဆီးရန် ကြံစည်နေခြင်း ဖြစ်ပြီး နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို အနှောက်အယှက် ပေးနေခြင်း ဖြစ်ကြောင်း ၊ အမှားအမှန် အပိုင်းအခြား က လူတိုင်းသိရှိကြပြီး တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ ၏ ယခု ကိစ္စရပ် အပေါ် မှန်ကန်စွာ ရပ်တည်ခဲ့သည့် အပေါ် ချီးမွမ်းလိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ ကပ်ရောဂါ အား တိုက်ဖျက်သွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)