ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဂျီနီဗာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျီနီဗာ ၊ မေ ၇ ရက်(ဆင်ဟွာ) Lockdown ကန့်သတ်ချက်များအား ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံများစွာက တိုး၍တိုး၍ ပြုမူဆောင်ရွက်လာခြင်းအပေါ် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က အဆိုပါ ဆောင်ရွက်ချက်များအား အထူးဂရုစိုက် ပြုမူဆောင်ရွက်သွားသင့်ကြောင်း မေ ၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ဘရပ်ဆဲလ်၊မေ ၅ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းမင်သည် မေ ၄ ရက်က တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အနေဖြင့် COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ ဗွီဒီယို အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဂျီနီဗာ ၊ မေ ၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhove က ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှု...
ဂျီနီဗာ ၊ မေ ၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က COVID-19 ရောဂါပိုး အရင်းအမြစ် သည် သဘာဝ နယ်ပယ် မှ ဖြစ်ကြောင်း ကို မေလ ၁ ရက် ၌ အတည်ပြု ထုတ်ပြန်ကြေညာ ခဲ့သည်။
ဂျီနီဗာ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က WHO အနေဖြင့် သိပ္ပံနည်းပညာ နှင့် လက်တွေ့အခြေအနေ အပေါ် အခြေခံ၍ အကောင်းမွန်ဆုံးသော ကပ်ရောဂါ...
ဂျီနီဗာ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဧပြီ ၈ ရက်အထိ နိုင်ငံနှင့်ဒေသပေါင်း ၅၂ ခုမှ ပေးပို့သည့် အစီအရင်ခံစာများအရ COVID-19 ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၂,၀၇၃ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဧပြီ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ကပ်ရောဂါအခြေအနေ နေ့စဉ်...
ဂျီနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) COVID-19 ကြောင့် သေဆုံးနှုန်းသည် တုပ်ကွေးကြောင့် သေဆုံးနှုန်းထက် ဆယ်ဆပိုများနိုင်မည်ဟု ခန့်မှန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ဧပြီ ၉ ရက်တွင်...
ဂျီနီဗာ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်မလုပ်ရန်၊ ပြည်တွင်း၌ လည်းကောင်း၊ နိုင်ငံအသီးသီး၌လည်းကောင်း စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို အတူလက်တွဲတိုက်ဖျက်သင့်ကြောင်း ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဧပြီ ၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။