ဂျီနီဗာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်သည် လာမည့်အပတ်အတွင်း ၁၀ သန်း အထိ ရောက်ရှိလာမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က ယနေ့ ဇွန် ၂၅ ရက်တွင် ခန့်မှန်းပြောကြားလိုက်ပြီး စိုးရိမ်ရသည့် အခြေအနေရှိသော အပြင်းအထန်...
ကိုပင်ဟေဂင်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဥရောပရှိ အခြားနိုင်ငံများတွင် သီတင်းပတ်များကြာ COVID-19 ရောဂါဖြစ်ပွားမှုများ လျော့ကျလာနေသော်လည်း အရှေ့ဥရောပရှိ နိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားမှုနှင့် အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်လာသည်ကို ထောက်ပြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာ ဌာနေရုံးက ဇွန် ၁၈ ရက်တွင်...
ကုလသမဂ္ဂ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရောဂါကပ်ဘေးကြောင့် အငတ်ဘေးကြုံမှုများ ပိုမိုများပြားလာမည်ကို ကာကွယ်တားဆီးကြရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ချက်ချင်းလှုပ်ရှားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန် ၉ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအသုံးပြုရေးဆိုင်ရာ လမ်းညွှန်ချက်ကို ဇွန် ၅ ရက်က မွမ်းမံထုတ်ပြန်လိုက်ပြီး အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ သို့မဟုတ် ရောဂါအခံရှိသူများအနေဖြင့် လူချင်းခပ်ခွာခွာနေရန်မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျန်းမာရေးနှာခေါင်းစည်းကို တပ်ဆင်ရန်...
ဂျီနီဗာ၊ ဇွန် ၄ ရက်(ဆင်ဟွာ) ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်နိုင်ငံများတွင် COVID-19 ရောဂါ ပြန့်နှံ့မှုနှုန်း လျင်မြန်လာခြင်းကို စိုးရိမ်ကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများ၏ အောင်မြင်သည့် အတွေ့အကြုံဗဟုသုတများနှင့်မိမိဒေသရှိအခြေအနေများကို ပေါင်းစပ်ကာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဘက်စုံမပြတ်ဆောင်ရွက်သွားရန်အကြံပြုကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်၏ ကူးစက်မှုနှင့် ရောဂါဖြစ်ပွားစေနိုင်သည့်အစွမ်းသည် လျော့ကျသွားခြင်းမရှိသေးကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အားဖြည့်ဆောင်ရွက်ခြင်းသည် ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ်သည့် အရေးကြီးသော့ချက်ဖြစ်နေဆဲဖြစ်ကြောင်း WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhoveက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အလယ်အမေရိက နှင့်တောင်အမေရိကတိုက်သည် လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက် နေရာဖြစ်လာကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်းဖြစ်ရန်လိုအပ်ပြီး ၎င်းဒေသများ၏ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဂျီနီဗာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျီနီဗာ ၊ မေ ၇ ရက်(ဆင်ဟွာ) Lockdown ကန့်သတ်ချက်များအား ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံများစွာက တိုး၍တိုး၍ ပြုမူဆောင်ရွက်လာခြင်းအပေါ် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က အဆိုပါ ဆောင်ရွက်ချက်များအား အထူးဂရုစိုက် ပြုမူဆောင်ရွက်သွားသင့်ကြောင်း မေ ၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။