ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၁ ရက်တွင် COVID-19 ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁၃,၀၀၀ ဦးနှင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတွင်း၌ တကျော့ပြန်ကူးစက်မှုအားထိန်းချုပ်ရန် အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လက်အောက်ရှိ နိုင်ငံတကာပြစ်မှုများ အရေးယူရာတွင် ကြွင်းကျန်နေသော အမှုများအား ကိုင်တွယ်ဖြေရှင်းရသည့် IRMCT နိုင်ငံတကာတရားရုံး က ဇွန်လ ၈ ရက်တွင် နယ်သာလန် နိုင်ငံ သဟိတ်မြို့၌ Bosnian Serb ဘော့စနီးယားဆာ့ဗ်တပ်ဖွဲ့ တပ်မှူးဟောင်း...
ကုလသမဂ္ဂ ၊ ဇွန် ၈ ရက်(ဆင်ဟွာ) လာမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)၏ ဥက္ကဌအဖြစ် မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid အား ရွေးချယ်တင်မြှောက် လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Kobeမြို့ တွင် ယခင်က ပြည်တွင်း၌မတွေ့ရှိရသေးသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကိုတွေ့ရှိခဲ့ရာ ၎င်းမှာ ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်မံအသွင်ပြောင်းမှုဖြစ်သည်ဟု Kobeမြို့အစိုးရက ဇွန် ၁ ရက်တွင် ကြေညာခဲ့ကြောင်း NHK သတင်းများအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ မေ ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၃၈၃ ဦး ရှိခဲ့သဖြင့် မေ ၁၃ ရက်တွင် ကပ်ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၄၃၀,၄၁၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ကုလသမဂ္ဂ ၊ မေ ၅ ရက်(ဆင်ဟွာ) လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နောက်သက်တမ်းအတွက် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားမည့်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မေ(၇) ရက် သောကြာနေ့တွင် စုဝေးကြပြီး သဘောထားအမြင်ထုတ်ပြန်ကြားနာပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ဥက္ကဌက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရာမာလာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ၏ ဧပြီ ၁၉ ရက် COVID-19 ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအရ နိုင်ငံအသီးသီး၏ ကပ်ရောဂါအခြေအနေမှာ ကွဲပြားမှုများရှိနေကြပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါအခြေအနေတစ်ကြော့ပြန် ဆိုးရွားမြင့်တက်လာခဲ့ကာ ရောဂါထပ်မံကူးစက်ခံရသူအရေအတွက်မှာလည်း မြင့်မားသည့် အခြေအနေတွင်ရှိနေကြောင်း ၊ အချို့နိုင်ငံများကမူ ကပ်ရောဂါအခြေအနေက သိသာထင်ရှားစွာ...
ဂျီနီဗာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်သည့် လုပ်ငန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပမာဏ တိုးချဲ့လုပ်ဆောင်ကာ လက်ရှိကမ္ဘာက လိုအပ်နေသော ကာကွယ်ဆေးထောက်ပံ့မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းသွားကြရန် မတ်လ ၉ ရက်၌...
ဂျနီဗာ၊ မတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့များမှ ပူးတွဲအကောင်အထည်ဖော်ထားသော နိုင်ငံတကာ ကာကွယ်ဆေးကမ်ပိန်း COVAX က နိုင်ငံပေါင်း ၂၀ ထံ COVID-19 ကာကွယ်ဆေး သန်း ၂၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း WHO အကြီးအကဲက မတ်...
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။