Connect with us

INTERNATIONAL ORGANIZATION

Lockdown ပြန်လည်ဖွင့်လှစ်ခြင်းအန္တရာယ်နှင့်ပတ်သက်၍ WHO အကြီးအကဲသတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မေ ၇ ရက်(ဆင်ဟွာ)

Lockdown ကန့်သတ်ချက်များအား ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံများစွာက တိုး၍တိုး၍ ပြုမူဆောင်ရွက်လာခြင်းအပေါ် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က အဆိုပါ ဆောင်ရွက်ချက်များအား အထူးဂရုစိုက် ပြုမူဆောင်ရွက်သွားသင့်ကြောင်း မေ ၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ ပြန်လည်ဖွင့်လှစ်မယ့် နိုင်ငံတွေအနေနဲ့ အကူးအပြောင်းအဆင့်တစ်ခုဆီမှာ ထိရောက်တဲ့ စီမံခန့်ခွဲမှု မလုပ်ထားဘူးဆိုရင် lockdown ပြန်ဖွင့်မယ့် အန္တရာယ်ဟာ သိပ်ကိုကြီးကြီးမားကျန်နေအုံးမှာပါ” ဟု ဂျီနီဗာမြို့၌ ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံ ဘာဆီလိုနာမြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 လူနာများ၏ အအေးခံထားသည့် ဓာတ်ခွဲနမူနာများအား သိမ်းဆည်းနေစဉ်(ဆင်ဟွာ)

 ပြင်သစ်နိုင်ငံ ပြည်သူ့စေတနာ့ဝန်ထမ်းများက COVID-19 သံသယလူနာများအား ကူးစက်ရောဂါနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းနေစဉ်(ဆင်ဟွာ)

ကန့်သတ်ချက်များပြန်ဖွင့်ရန် လုပ်ဆောင်နေသည့် နိုင်ငံများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၁)အားကောင်းသော စောင့်ကြည့်မှုပြုလုပ်ရန် ၊ (၂)သီးသန့်ခွဲထုတ်နေထိုင်စေရန် ၊ (၃)လူနာတိုင်းအား ကုသပေးရန် ၊ (၄) ထိတွေ့သူ အားလုံးကို ရှာဖွေဖော်ထုတ်ရန် ၊ (၅) လုပ်ငန်းခွင်နေရာများ နှင့် စာသင်ကျောင်းများတွင် လုံလောက်သော အကာအကွယ် အစီအမံများ ပြုလုပ်ထားရန် နှင့် (၆) lockdown အလွန်ကာလအတွက် ထုတ်ပြန်သော (စည်းမျဉ်းသစ်)များကို ပြည်သူများ အပြည့်အဝပူးပေါင်းပါဝင်ရန် ဟူသည့် စံနှုန်း ၆ ချက် နှင့်ပတ်သက်၍လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်း၌ COVID-19 ရောဂါဖြစ်ပွားသူ ၃.၅ သန်းရှိပြီး သေဆုံးသူ ၂၅၀,၀၀၀ ကျော်ရှိကြောင်း WHO က ထုတ်ပြန်ခဲ့သည်ဟု Tedros က ပြောကြားခဲ့ပြီး ဧပြီလမှစတင်ကာ နေ့စဉ် အတည်ပြုလူနာသစ် ပျမ်းမျှ ၈၀,၀၀၀ဦး ခန့် တိုးများလာခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ဒါတွေဟာ ကိန်းဂဏန်း သက်သက် ဖြစ်ရုံသာမကဘူး လူနာတစ်ဦးချင်းစီတိုင်းမှာ အမေ ၊ အဖေ ၊ သား ၊ သမီး ၊ အစ်ကို ၊ အစ်မ ဒါမှမဟုတ် မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်စီတော့ ရှိနေကြပါသေးတယ်” ဟု Tedros က ဆိုသည်။  (Xinhua)