နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အခြားဒေသများမှ နေပြည်တော်သို့လာရောက်လျှင် သော်လည်းကောင်း၊ နေပြည်တော်မှ အခြားဒေသများသို့သွားရောက်ပြီး ပြန်လည် ဝင်ရောက် လာလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခိုင်လုံသော အထောက်အထား များ၊ အကြောင်းပြချက်များ ပါရှိရမည် ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို စိစစ်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ဦး ယနေ့ ဧပြီ ၂၈ ရက်၌ ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းဓာတ်ခွဲအတည်ပြုလူနာ ၁၄၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယနေ့ ဧပြီ ၂၆ ရက်အထိCOVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦးအား တွေ့ရှိခဲ့ပြီး ယင်းဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သွားသူ ၁၀ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) အမျိုးသား အဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင် အဖွဲ့(National Volunteer Steering Unit) ကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန...
ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်နိုင်ရန် ရှေ့ရှုလျက် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက် များနှင့်စပ်လျဉ်းသည့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို မေလ...
ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တပ်မတော်က COVID-19 ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင်သည့် COBAS 6800 စက်များဖြင့် ကူညီစစ်ဆေးပေးရန် စီစဉ်ထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ဧပြီ ၂၅...
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို မေလ ၁၅ ရက် ၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)ထံမှ...
နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (NCA- S EAO:_ Nationwide Ceasefire Agreement signing Ethnic Armed Organization) နှင့် နိုင်ငံတော် အစိုးအကြား ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး...
နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းစဉ် များတွင် လည်းကောင်း၊ နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အရေးပေါ် အခြေအနေများတွင် လည်း ကောင်း နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ စုပေါင်း...
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယ အသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ ဧပြီ ၂၄ ရက် ၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။