Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ဦး ထပ်တိုး ၊ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၉ ဦးထိရှိလာ

COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ဦး ယနေ့ ဧပြီ ၂၈ ရက်၌ ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းဓာတ်ခွဲအတည်ပြုလူနာ ၁၄၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ရောဂါပိုးတွေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် အမျိုးသားသည် COVID-19  ရောဂါအတည်ပြုလူနာ Case 133 ၊Case 134နှင့် Case 142တို့ဖြင့် ထိတွေ့မှုရှိထားသူဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သေည့် အသက် ၁၉နှစ်နှင့် အသက် ၁၅ နှစ် အမျိုးသားနှစ်ဦးသည်လည်း COVID-19 ရောဂါအတည်ပြုလူနာ Case 128နှင့် ထိတွေ့ထားသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ်စစ်ဆေးပြီးစီးခဲ့သောဓာတ်ခွဲနမူနာ နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာပေါင်း (၁၄၅) ခုအနက်  ၃ဦးတွင်သာ ပိုးတွေ့ရှိပြီး ကျန် ၁၄၂ ဦးတွင်း ပိုးမတွေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများ အနက် ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၁၆) ဦးရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိထားကြောင်း သိရသည်။(Xinhua)