ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(သြဂုတ် ၂၆ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဩဂုတ် ၂၇ ရက်မှ စတင်၍ ယာယီပြန်လည်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ် ၂၅ ရက်တွင် ဆေးရုံမှ နောက်ဆုံး လူနာနှစ်ဦး ဆင်းသွားခဲ့ပြီးနောက် ပေကျင်းဆေးရုံများအားလုံးတွင် COVID-19 လူနာများ လုံးဝကင်းစင်သွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုအမတ်တစ်ဦးက ကာကွယ်ဆေး သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ကူးစက်ရောဂါများ အထူးသဖြင့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ကာကွယ်မှု နှင့် ထိန်းချုပ်မှုအတွက် ကာကွယ်ဆေးများကို အကောင်းဆုံးအသုံးပြု...
မက်ဒရစ်၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်မှုကို ပံ့ပိုးရန် တပ်ဖွဲ့ဝင်များစေလွှတ်၍ ကူညီအားဖြည့်ဆောင်ရွက်သွားမည်ဟု စပိန်နိုင်ငံ ဝန်ကြီးချုပ်Pedro Sánchezက ဩဂုတ် ၂၅ ရက် ပြည်သူများသို့ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက် (၈)နာရီတွင် COVID-19ရောဂါ အတည်ပြုလူနာ (၇၀)ဦးတွေ့ရှိပြီး ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ ငါးလအတွင်း ယနေ့စစ်ဆေးတွေ့ရှိမှုသည် အရေအတွက်အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ယနေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၄၇၅)ခု အား စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၃၀ ဦး တွေ့ရှိခဲ့ပြီး ယင်းမှာ အများဆုံးပမာဏ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဩဂုတ်...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များအား ယနေ့(သြဂုတ် ၂၅ ရက်)မှစ၍ Stay at Homeနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်တိုးထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ဩဂုတ် ၂၁ ရက်ထိ တစ်လတာအတွင်း အခြေခံပညာ အထက်တန်းကျောင်း ပေါင်း ၆,၅၀၀ ကျော် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအတွက် ကော်မရှင်က ခန့်အပ်ခွင့်ပြုခဲ့ပြီးသော နိုင်ငံခြားသားများနှင့် Myanmar Companies Online (MyCO) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအတွက် Company Extract Form တွင်ပါရှိသည့် Officers,...