Connect with us

COVID-19 UPDATES

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀ ဦး တွေ့ရှိ ၊ အများဆုံးပမာဏဖြစ် 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဘတ်စ်ကား စီးနင်းသွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

ယနေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၄၇၅)ခု အား စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၃၀ ဦး တွေ့ရှိခဲ့ပြီး ယင်းမှာ အများဆုံးပမာဏ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၅၀၄ ဦး ထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ဖော်ပြခဲ့သည်။ 

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၇၅ ခု အား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၅) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၄၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၄) ခုတို့ဖြစ်ပြီး ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။ 

ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၄၁)ဦး ရှိကြောင်း ၊ ၎င်းတို့အနက် (၃၃၉) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117