Connect with us

CHINA

တရုတ်နိုင်ငံတွင် ဩဂုတ် ၂၆ ရက်က COVID-19 ရောဂါ အသစ်ထပ်တိုးလူနာ ၈ ဦးရှိ

တရုတ်နိုင်ငံပေကျင်းမြို့ တက္ကသိုလ်ကျောင်းများသို့ ပညာသင်ရန် ပြန်လည်ရောက်ရှိလာသော ကျောင်းသားကျောင်းသူများအား ကိုယ်ပူချိန်တိုင်းရောဂါစစ်ဆေးပေးနေသည်ကို ဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံပြည်နယ်ဒေသ ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ ဩဂုတ် ၂၆ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၈ ဦး ရှိပြီး အသစ်ထပ်တိုး သေဆုံးသူမရှိကြောင်းနှင့် ပြည်ပမှဝင်ရောက်သော အသစ်ထပ်တိုး သံသယလူနာ ၁ ဦးရှိကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ 

ယင်းနေ့ အသစ်ထပ်တိုးအတည်ပြုလူနာ ၈ ဦးလုံးသည် ပြည်ပမှဝင်ရောက်ခြင်းဖြစ်ပြီးစီချွန်းပြည်နယ်တွင် ၄ ဦး၊ ဟဲပေပြည်နယ်တွင် ၂ ဦး ၊ရှန်ဟိုင်းမြို့တွင် ၂ ဦးဖြစ်ကြောင်းသိရသည်။ ဩဂုတ် ၂၆ ရက်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃၁ ဦး ၊ ကျန်းမာရေးစောင့်ကြည့်မှုမှ ပယ်ဖျက်လိုက်သူ ၁,၁၈၉ ဦးရှိပြီး ရောဂါပြင်းထန်သောလူနာသည် ပြီးခဲ့သည့် ရက်ထက် ၃ ဦးလျော့နည်းသွားကြောင်းသိရသည်။ 

တရုတ်နိုင်ငံပေကျင်းမြို့ တက္ကသိုလ်ကျောင်းများသို့ ပညာသင်ရန် ပြန်လည်ရောက်ရှိလာသော ကျောင်းသားကျောင်းသူများအား ကိုယ်ပူချိန်တိုင်းရောဂါစစ်ဆေးပေးနေသည်ကို ဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် ပြည်ပမှ ဝင်ရောက်လာသောအတည်ပြုလူနာသည် ၂၁၂ ဦး (ရောဂါပြင်းထန်သူ ၄ ဦးပါဝင်) ၊သံသယလူနာ ၁ ဦး ရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၂,၄၅၅ ဦး၊ စုစုပေါင်းရောဂါ သက်သာပျောက်ကင်း၍ဆေးရုံဆင်းသူ  ၂,၂၄၃ ဦးနှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။ 

ဩဂုတ် ၂၆ ရက် ၂၄:၀၀ နာရီအချိန်အထိ တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရလက်ရှိအတည်ပြုလူနာစုစုပေါင်း ၃၂၄ ဦး (ရောဂါပြင်းထန်သောလူနာ ၄၁ ဦးပါဝင်)၊ စုစုပေါင်းရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ၈၀,၀၄၆ ဦး ၊ စုစုပေါင်းသေဆုံးသူ ၄,၆၃၄ ဦးရှိပြီးစုစုပေါင်းအစီရင်ခံသည့် အတည်ပြုလူနာ ၈၅,၀၀၄ ဦး၊ လက်ရှိသံသယလူနာ ၁ ဦးရှိကြောင်းသိရသည်။ အနီးကပ်စောင့်ကြည့်ခဲ့သူစုစုပေါင်း ၈၁၃,၅၇၁ ဦး ၊ ဆေးရုံတွင် အနီးကပ်စောင့်ကြည့်မှုခံယူနေသူ ၁၁,၂၂၇ ဦးရှိကြောင်းသိရသည်။

တရုတ်နိုင်ငံပေကျင်းမြို့ တက္ကသိုလ်ကျောင်းများသို့ ပညာသင်ရန် ပြန်လည်ရောက်ရှိလာသော ကျောင်းသားကျောင်းသူများအား ကိုယ်ပူချိန်တိုင်းရောဂါစစ်ဆေးပေးနေသည်ကို ဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဩဂုတ် ၂၆ ရက်အစီရင်ခံချက်များအရ အသစ်ထပ်တိုးသည့် လက္ခဏာမပြ ရောဂါကူးစက်သူ ၁၉ ဦးရှိရာ ၎င်းတို့မှာပြည်ပမှဝင်ရောက်ခြင်းဖြစ်ကြောင်း၊  ယင်းနေ့တွင်အတည်ပြုလူနာအဖြစ်ပြောင်းလဲသွားသူ ၁ ဦး ၊အနီးကပ်စောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၁၈ ဦး(ပြည်ပမှ ဝင်ရောက်သူ ၁၂ ဦးပါဝင်) ရှိကြောင်း၊ အနီးကပ်စောင့်ကြည့်မှုခံယူနေသောလက္ခဏာမပြကူးစက်သူ ၃၆၅ ဦး(ပြည်ပမှဝင်ရောက်လာသူ ၃၁၇ ဦးပါဝင်)ရှိကြောင်းသိရသည်။ 

တရုတ်နိုင်ငံဟောင်ကောင်၊မကာအို၊ထိုင်ဝမ်ဒေသမှပေးပို့သည့်ကိန်းဂဏန်းများအရစုစုပေါင်းအတည်ပြုလူနာ၅,၂၆၇ဦးရှိရာ၎င်းတို့အနက်ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်၄,၇၃၄ ဦး(ဆေးရုံဆင်းသူ ၄,၁၆၁ ဦး၊သေဆုံးသူ၇၉ဦး)၊မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင်၄၆ဦး (ဆေးရုံဆင်းသူ၄၆ဦး)၊ထိုင်ဝမ်ဒေသတွင်၄၈၇ဦး(ဆေးရုံဆင်းသူ၄၆၂ဦး၊သေဆုံးသူ၇ဦး) အသီးသီးရှိကြောင်းသိရသည်။ (Xinhua)