Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းဆေးရုံများ၌ COVID-19 လူနာများ ကင်းစင်သွားပြီဖြစ်

ပေကျင်း Ditan ဆေးရုံရှိ ကြပ်မတ်ကုသဆောင်၌ COVID-19 လူနာတစ်ဦးအား ဩဂုတ် ၁၆ ရက်က ကုသမှုပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ် ၂၅ ရက်တွင် ဆေးရုံမှ နောက်ဆုံး လူနာနှစ်ဦး ဆင်းသွားခဲ့ပြီးနောက် ပေကျင်းဆေးရုံများအားလုံးတွင် COVID-19 လူနာများ လုံးဝကင်းစင်သွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။ 

အဆိုပါ လူနာနှစ်ဦးလုံးသည် ပေကျင်း Ditan ဆေးရုံ၌ ကုသမှုများ ခံယူခဲ့ပြီး ၎င်းတို့ နှစ်ဦးအနက် တစ်ဦးမှာ နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့၌ ကူးစက်မှုအသစ် နှင့် ဆက်စပ်သော လူနာတစ်ဦး ဖြစ်ပြီး အခြား တစ်ဦးမှာ ပြည်ပမှ ဝင်ရောက်ခဲ့သော လူနာတစ်ဦး ဖြစ်ကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။ 

ပေကျင်းမြို့၌ ပြည်တွင်းကူးစက်သော COVID-19 လူနာသစ် သို့မဟုတ် ရောဂါလက္ခဏာမပြသော လူနာများမှာ ဩဂုတ် ၂၅ ရက်တွင် လုံးဝ မရှိတော့ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။ ပေကျင်းမြို့၌ ဩဂုတ် ၂၅ ရက်တွင် ပြည်ပမှ ဝင်ရောက်လာသော လူနာသစ်လည်း မရှိတော့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117