ဝူဟန့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကျည်ဆန်ရထား ပြုပြင်ထိန်းသိမ်းရေးစခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝူဟန့်မြို့ရှိ ကျည်ဆန်ရထား ပြုပြင်ရေးစခန်းတွင် ရထားအစင်းရေပေါင်း ၂၃၀ စင်း ရှိသည်။ COVID-19 ပျံ့နှံ့မှုကြောင့် ထိုရထားအားလုံးရပ်တန့် ထားခဲ့ရာမှ ယခုအခါ ပြန်လည် ပြေးဆွဲရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ ရထား...
အက်ခရာ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အာဖရိကတိုက် ၁၈ နိုင်ငံသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများသည် ဧပြီ ၆ ရက်တွင် ဂါနာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်ရာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော ပတ္တယားမြို့ကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုအဖြစ် ခရီးသွားဧည့်သည့်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။
ယူနန် ၊ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံဘက်အခြမ်း ဖြစ်သော ယွိရှီး(Yuxi)-မော်ဟန်း(Boten) ရထားလမ်းပိုင်း၏ သံလမ်းချိတ်ဆက်မှုများကို ဧပြီ ၇ ရက်တွင် ဘက်ပေါင်းစုံ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယူးယောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂန္တဝင် Folk ဂီတ တေးရေးဆရာတစ်ဦးဖြစ်သည့် John Prine သည် COVID-19 ရောဂါဖြင့် ဧပြီ ၇ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) ယနေ့(ဧပြီ ၈ရက်) နံနက်ပိုင်းတွင် သေဆုံးမှုသည် လူနာများတွင်ရှိသော ရောဂါအခံနှင့် အပြင်းအထန် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကျွမ်းကျင်သူနာပြုများသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လူနာများ ကုသရေးတွင် အထူးသဖြင့် ရောဂါပြင်းထန်သောလူနာများ ကုသရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဧပြီ ၈ (ဆင်ဟွာ) COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ကမ္ဘောဒီးယား နှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကူညီမှုများက နှစ်နိုင်ငံဆက်ဆံမှုကို ပိုမိုအားကောင်းစေပြီး အဆင့်သစ်ရောက်အောင်မြှင့်တင်ပေးခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က ဧပြီ ၇ ရက်တွင်...
ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အကူအညီပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ ဧပြီ ၈ ရက်တွင် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ...
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ဥပဒေများအား တိတိကျကျ လိုက်နာရန် နှင့် ပြည်သူများထိတ်လန့်စေမည့် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပါက ဥပဒေပရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်...